ဘဏ္ဍာရေးစည်းမျဉ်းကြောင့် ကစားသမားတွေကို ရောင်းချရနိုင်ကြောင်း နယူးကာဆယ်အသင်း စီအီးအိုက ဝန်ခံပြောသွားပါတယ်။
နယူးကာဆယ်အသင်းကို ဆော်ဒီပိုင်ရှင်သစ်တာဝန်ယူပြီးနောက် ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလတွေအတွင်းမှာ ကစားသမားအများအပြား ဝယ်ယူ အားဖြည့်ခဲ့တာပါ။
လက်ရှိအချိန်မှာတော့ ကစားသမားသစ်တွေ ထပ်ခေါ်ပြီး ရင်းနှီးမြှပ်နှံမှုတွေလုပ်ဖို့ဆိုရင် အသင်းက ကစားသမားတွေကို ရောင်းချဖို့လိုအပ်မှာဖြစ်ကြောင်း အသင်းစီအီးအို ဒါရင်အီရောစ် ကပြောပါတယ်။
ကာဆယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပြီးနောက် ဝင်ငွေ ၃၉ ရာခိုင်နူန်းတိုးတက်လာခဲ့ပေမဲ့ ကစားသမားခေါ်ယူမှုတွေမှာ ပေါင် ၁၅၃ သန်း အသုံးပြုခဲ့လို့ ပေါင် ၇၃ သန်းလောက် အရှုံးပေါ်နေတာပါ။
ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းအရ သုံးနှစ်အတွင်းမှာ ပေါင် ၁၀၅ သန်းထက် ကျော်လွန်လို့ မဖြစ်တာကြောင့် ငွေကြေးသုံးစွဲမှုတွေကို စိစစ်လုပ်ဆောင်သွားရဖို့ရှိတာ ဖြစ်ပါတယ်။
Photo-Reuters