ဒေါ့မွန်အသင်းမှာ ဆန်ချို တစ်ယောက် အဆင်ပြေအောင်မြင်ပါစေကြောင်း မန်ယူနည်းပြတန်ဟတ်ဂ် ကဆန္ဒပြု ပြောကြားသွားပါတယ်။
ဆန်ချိုဟာ ဒေါ့မွန်အသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားတော့မှာဖြစ်ပြီး အဲဒီအပေါ် နည်းပြတန်ဟတ်ဂ်က မှတ်ချက်ပေးခဲ့တာပါ။
ဆန်ချိုဟာ အကောင်းဆုံးလေ့ကျင့်နေတာကြောင့် ကံကောင်းမှုနဲ့အတူ အကောင်းဆုံးတွေဖြစ်လာဖို့ ဆန္ဒပြုကြောင်း၊ ခြေစွမ်းပြသနိုင်ပြီး အောင်မြင်မှုရရှိမယ်လို့လည်း မျှော်လင့်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ နည်းပြတန်ဟတ်ဂ်က ပြောကြားခဲ့တာပါ။
ဆန်ချိုနဲ့ ပတ်သက်လို့ မီဒီယာတွေက ဆက်လက်မေးမြန်းခဲ့ရာမှာတော့ အဲဒီလောက်ပဲ ပြောနိုင်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဆန်ချိုဟာ နည်းပြတန်ဟတ်ဂ်နဲ့ အဆင်မပြေဖြစ်ခဲ့ပြီး ပြန်လည်တောင်းပန်စကားပြောဖို့လည်း မလုပ်ဆောင်ခဲ့တာကြောင့် ၄ လလောက် တစ်ဦးတည်းလေ့ကျင့်ခဲ့ရပြီး အသင်းလူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
Photo-Reuters