Home
အားကစား
နိုင်ငံခြားသားကစားသမားခေါ်ယူခွင့်ကို ဆက်လက်တိုးမြှင့်ဖို့ ဆော်ဒီလိဂ်တာဝန်ရှိသူများစီစဉ်
DVB
·
January 12, 2024
Opening of 2023-2024 Saudi Pro League

လာမယ့် ရာသီကစတင်ပြီး နိုင်ငံခြားသားကစားသမားခေါ်ယူခွင့်ကို ဆက်လက်တိုးမြှင့်ဖို့ ဆော်ဒီလိဂ် တာဝန်ရှိသူတွေက စီစဉ်ထားပါတယ်။

ဆော်ဒီလိဂ်မှာ မနှစ်ကအထိ အသင်းတစ်သင်းက နိုင်ငံခြားသား ကစားသမား ၈ ဦး အထိ ခေါ်ယူခွင့်ရှိပါတယ်။ လာမယ့်ရာသီကစတင်ပြီး ၁၀ ဦး အထိ တိုးမြှင့်ဖို့စီစဉ်ထားပြီး လူငယ်ကြယ်ပွင့်ကစားသမားတွေကိုပါ ဆွဲဆောင်စည်းရုံးဖို့ ရည်ရွယ်တာလို့သိရပါတယ်။

လက်ရှိဆော်ဒီလိဂ်မှာ အသက်အရွယ်ရလာတဲ့ ကစားသမားတွေကအများစုဖြစ်ပြီး လာမယ့် နှစ်မှာတော့ ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားတွေကို ခေါ်ယူဖို့ ဆော်ဒီအသင်းတွေက ပစ်မှတ် ထားကြိုးပမ်းကြမှာပါ။

အထူးသဖြင့် ဥရောပနဲ့ တောင်အမေရိက တိုက်တွေက အကယ်ဒမီတွေမှာ ခြေစွမ်းပြနေတဲ့ကစားသမားတွေကို ဦးစားပေးခေါ်ယူသွားဖို့ ရှိပါတယ်။

ဒီအစီအစဉ်ဟာ ဆော်ဒီလိဂ်ကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူစိတ်ဝင်စားမူရယူပြီး အောင်မြင်မှုရရှိဖို့ အတွက်ဖြစ်တယ်လို့ သိရပါတယ်။ 

Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024