ဘိုင်ယန်မြူနစ်အသင်းဆီ ပြောင်းရွှေ့သွားတဲ့တိုင် စပါးအသင်းကို အမြဲတမ်း ကြည့်ရှုအားပေးနေ မယ်လို့ နောက်ခံလူ အဲရစ်ဒိုင်ယာက သူ့ရဲ့ နှုတ်ဆက်စာမှာ ရေးသားခဲ့ပါတယ်။
အသက် ၂၉ နှစ်ရှိ အင်္ဂလန်နောက်ခံလူဟာ အသင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီးနောက် အသင်းဖော်ဟောင်း ဟယ်ရီကိန်းရှိရာ ဘိုင်ယန်မြူနစ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။
ပေါင် ၂ သန်းခွဲနဲ့ အငှားချခဲ့တာဖြစ်ပေမဲ့ ရာသီကုန်ဆုံးချိန်မှာ ဘိုင်ယန်အသင်းက အပြီးသတ် ဝယ်ခွင့်လည်းပါဝင်ပါတယ်။
လူငယ်ဘ၀ ကနေ လူကြီးဖြစ်တဲ့အထိ စပါးအသင်းမှာ ပြောင်းလဲမှုတွေနဲ့ ဖြတ်သန်းခဲ့ကြောင်း၊ အသင်းနဲ့သက်ဆိုင်သူတွေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းနဲ့ အသင်းကို အမြဲတမ်းအားပေးကြည့်ရှုသွားမှာဖြစ်ပြီး အောင်မြင်မှုတွေနဲ့ ရှေ့ဆက်နိုင်ပါစေကြောင်း အဲရစ်ဒိုင်ယာရဲ့ နှုတ်ဆက်စာမှာ ပါရှိပါတယ်။
စပါးဟာ ဒိုင်ယာရဲ့နေရာမှာ ဂျီနိုအာနောက်ခံလူ ဒရာဂူဆင်ကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူ အားဖြည့်ခဲ့ပါတယ်။
ဒိုင်ယာဟာ ၂၀၁၄ ခုနှစ်က ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းနဲ့ အတူ စုစုပေါင်း ၃၆၅ ပွဲမှာ ၁၃ ဂိုးသွင်းယူပေးခဲ့ ပါတယ်။
Photo - Reuters