ကရင်နှစ်သစ်ကူးပွဲတော် မဲဆောက်တွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
January 11, 2024
ပြာသိုလဆန်း ၁ ရက်မှာ ကျရောက်တဲ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ်ပွဲကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ ခွဲကဘောင် ကရင်ရွှေ့ပြောင်း အထက်တန်းကျောင်းမှာ ဒီနေ့ ဇန်နဝါရီ ၁၁ ရက် မနက်က ကျင်းပပါတယ်။
၂၇၆၂ ခုနှစ်ကနေ ၂၇၆၃ ခုနှစ်သို့ ကူးပြောင်းတဲ့ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတွေကို မြန်မာပြည်တွင်းနဲ့ ပြည်ပနိုင်ငံတွေမှာ အသီးသီးကျင်းပနေကြတာဖြစ်ပြီး ထိုင်းနိုင်ငံ မဲဆောက် ဒေသရောက် ကရင်တိုင်းရင်းသားတွေကလည်း နှစ်သစ်ကူးပွဲတော်မှာ ပါဝင် ဆင်နွှဲနေကြတာဖြစ်ပါတယ်။