နောက်ခံလူ အားနိုးလ် မကစားနိုင်တဲ့အပေါ် အဆင်ပြေအောင် လုပ်ဆောင်နိုင်ကြောင်း လီဗာပူး လက်ထောက်နည်းပြ ပတ်လိုင်ဒါစ်က ပြောသွားပါတယ်။
အသင်းအတွက် အားထားရတဲ့နောက်ခံလူ အာနိုးလ်ဟာ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့တာကြောင့် ရက်သတ္တပတ်လောက် အနားယူရမှာပါ။
အသင်းလူစာရင်းမှာ မိုဆာလာ အပါအဝင် ဆော့ဘိုဇလိုင်၊ ရောဘတ်ဆန် တို့လို ကစားသမားတွေပါ ဒဏ်ရာရရှိနေကြတာပါ။
မိုဆာလာ မပါဝင်နိုင်ချိန်မှာလည်း ဒီယေဂိုဂျိုတာနဲ့ အစားထိုးနိုင်ခဲ့သလို အာနိုးလ် မပါဝင်ချိန်မှာလည်း တခြားကစားသမားတစ်ဦးက အစားဝင်ဖြည့် ကစားနိုင်ကြောင်း၊ အသင်းမှာ ကစားသမားကောင်းတွေရှိတဲ့အတွက် အစားထိုးလို့မရတဲ့ ကစားသမားဆိုတာ မရှိကြောင်း လက်ထောက် နည်းပြပတ်လိုင်ဒါစ်က ပြောပါတယ်။
နောက်ခံလူ အာနိုးလ်ဟာ အသင်းရဲ့ပွဲစဉ် ၃ ပွဲလောက် လွဲချော်ဖို့ရှိနေပြီး ချဲလ်ဆီးနဲ့ ကစားရမယ့် ဖေဖော်ဝါရီလဆန်းမှ ပြန်လည် ကစားနိုင်ဖို့ရှိပါတယ်။
Photo - Reuters