Home
နိုင်ငံတကာ
အင်ဒိုနီးရှားတွင် ခရီးသည်တင်ရထား ၂ စင်းတိုက်မိ 
DVB
·
January 8, 2024
The Train Crash in Java_08012024

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်မှာ ခရီးသည်တင်ရထားနှစ်စင်း တိုက်မိလို့ လူလေးယောက် သေဆုံးပြီး ၄၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေကို ကိုးကားပြီး အယ်လ်ဂျားဇီးယား သတင်းဌာနက ဇန်နဝါရီလ ၆ ရက်မှာ ဖော်ပြပါတယ်။

နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဆူရာဘာယာမှာ အဝေးပြေး ရထားတစ်စင်းဟာ စီရင်စုရဲ့ မြို့တော်ဘန်ဒေါင်းနားမှာ ခရီးသည်တင် ရထားတစ်စီးနဲ့ တိုက်မိခဲ့တာလို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ပြောခွင့်ရ အာဒီတာ့အီရာဝတီက ပြောပါတယ်။

ရထား နှစ်စီးပေါ်မှာ စုစုပေါင်းခရီးသည် ၄၇၈ ယောက် ပါတယ်လို့ အနောက်ဂျာဗား ရဲတပ်ဖွဲ့ပြောခွင့်ရ အီဘရာဟင်မ် တွမ်ပိုက ပြောပါတယ်။

ဇန်နဝါရီလ ၅ ရက် ဒေသစံတော်ချိန် မနက် ၆ နာရီမှာ တိုက်မိပြီးနောက် ရထားနှစ်စီးစလုံးရဲ့ ရှေ့ရထားတွဲတွေ ပြိုကျပျက်စီးခဲ့ပြီး သံလမ်း လမ်းချော်ရင်း တိမ်းမှောက်ခဲ့တာပါ။

သေဆုံးသူလေးဦးက ရထား ဝန်ထမ်းတွေ  ဖြစ်ပြီး ရထားယာဉ်မောင်း၊ ရထားတွဲပေါ်က လက်ထောက်တစ်ဦး၊ စားပွဲထိုးတစ်ဦးနဲ့ လုံခြုံရေး အစောင့်တစ်ဦးတို့ ဖြစ် ပါတယ်။

သူတို့ထဲက နှစ်ယောက်က ရထားတွဲတွေကြားမှာ အကြိတ်ခံရပြီး သေဆုံးခဲ့တာလို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြော ပါတယ်။

ကယ်ဆယ်ရေးသမားတွေက ရုပ်အလောင်းကို ဆယ်ယူဖို့ ကြိုးစားနေပါတယ်။ ခရီးသည်အားလုံးကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ပြီး ဒဏ်ရာရသူတွေကို ဒေသန္တရ ဆေးရုံတွေဆီ ပို့ခဲ့ပြီးပါပြီ။

မတော်တဆမှု ဖြစ်ရတဲ့ အကြောင်းရင်းကို မသိရသေးပေမဲ့ ရထားအော်ပရေတာ PT KAI နဲ့ ပြည်နယ်အစိုးရတို့က သယ်ယူပို့ဆောင်ရေး ဘေးကင်းရေး တာဝန်ရှိသူတွေနဲ့အတူ စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။

ကယ်ဆယ်ရေး သမားတွေက အပျက်အစီးတွေကို ဖယ်ပြီး ပြန်လည်ထူထောင်ရေး လုပ်နေတယ်လို့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024