Home
နိုင်ငံတကာ
ဂါဇာပဋိပက္ခကို ထိန်းချုပ်ရန်လိုအပ်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြော
DVB
·
January 7, 2024
Turkish President Erdogan meets with U.S. Secretary of State Blinken in Istanbul

အရှေ့အလယ်ပိုင်းနိုင်ငံတွေဟာ ဂါဇာကမ်းမြောင် ပဋိပက္ခကို ထိန်းချုပ်ဖို့နဲ့ “အဆုံးမဲ့ အကြမ်းဖက်မှုသံသရာကို ဟန့်တားဖို့ ဒေသတွင်း ပါဝင်ပတ်သတ်သူတွေအပေါ် သူတို့ရဲ့ သြဇာကို သုံးဖို့လိုတယ်”လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဇန်န၀ါရီ ၆ ရက်မှာ ပြောလိုက်ပါတယ်။

အောက်တိုဘာလမှာ အစ္စရေးနဲ့ ဟားမတ်စ်စစ်ပွဲတွေ စတင်ခဲ့ပြီးတဲ့နောက် တင်းမာမှုတွေ ငြိမ်သက်သွားစေဖို့ ရည်ရွယ်တဲ့ တစ်ပတ်ကြာ ခရီးစဉ်အစမှာ တူရကီနဲ့ ဂရိခေါင်းဆောင်တွေနဲ့ တွေ့ဆုံအပြီး အစ္စရေးနိုင်ငံမြောက်ပိုင်းမှာ လုံခြုံဖို့ အရေးကြီးတယ်လို့ ဘလင်ကန်က ပြောပါတယ်။

လက်ဘနွန်နိုင်ငံ အခြေစိုက် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ စနေနေ့က ပြောခဲ့ပြီး ရန်သူတွေက လက်တုံ့ပြန်တဲ့အနေနဲ့ အကြမ်းဖက်ဆဲလ်တခုကို လုပ်ကြံခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အာရပ်နိုင်ငံတွေ၊ အစ္စရေးနဲ့ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသတွေဆီကို အလည်အပတ် သွားမယ့် ဘလင်ကန်က အကျပ်အတည်းကိုဖြေရှင်းဖို့ ကြိုးပမ်းတာတွေ မအောင်မြင်ရင် ရလဒ်က “အဆုံးမဲ့ အကြမ်းဖက်မှုသံသရာနဲ့ ဒေသတွင်း ပြည်သူတွေအတွက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေ ဖြစ်လိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ ဂရိနိုင်ငံ ကရီတီကျွန်းဆီ သွားခဲ့ပြီး ၀န်ကြီးချုပ် ကရိယာကို့စ် မစ်ဆိုတာကီစ်နဲ့ ဇန်နဝါရီ ၆ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။ 

နေတိုးအဖွဲ့ဝင် ဂရိနိုင်ငံဟာ သူ့ကို F-35 တိုက်လေယာဉ်တွေ ရောင်းချရေးအတွက် အမေရိကန် အောက်လွှတ်တော်ရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေတာပါ။ 

ဘလင်ကန်က အမေရိကန်နဲ့ ဂရိတို့ရဲ့ ခိုင်မာတဲ့မဟာမိတ်ဖွဲ့မှုရဲ့ အရေးပါပုံကို အလေးပေးပြောဆိုခဲ့ပြီး မစ်ဆိုတာကီစ်က ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ ဒေသအတွင်း နှစ်နိုင်ငံလုံခြုံရေးကို ကာကွယ်ဖို့ နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

ဂရိနိုင်ငံဟာ အောက်တိုဘာ ၇ ရက် ဟားမတ်စ် တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ဆိုက်ပရပ်စ်နိုင်ငံရဲ့ ရေကြောင်းစင်္ကြံတစ်ခုအတွက် ပံ့ပိုးကူညီပေးခဲ့ပါတယ်။ အာရပ်ကမ္ဘာနဲ့ ဂရိကြား သမိုင်းဝင် ဆက်ဆံရေးကြောင့် ရှေ့မျက်နှာစာမှာ တက်တက်ကြွကြွ ပါဝင်နိုင်တယ်လို့လည်း သူက ယုံကြည် ထားပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024