အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာမြောက်ပိုင်းက စစ်သွေးကြွ အယောက် ၈၀၀၀ လောက်ကို သတ်ခဲ့တယ်လို့ စစ်ဘက်ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ဇန်နဝါရီ ၆ ရက်မှာ ပြောပါတယ်။
အစ္စရေးစစ်တပ်ဟာ ဒေသတွင်းမှာ ထောင်သောင်းမကတဲ့ လက်နက်တွေနဲ့ စာရွက်စာတမ်း သန်းပေါင်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“စစ်ပွဲရဲ့ ပန်းတိုင်တွေဆီကို ရောက်ဖို့ မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ ဟားမတ်စ်တွေကို စနစ်တကျ တစစီ ဖြိုခွင်းဖို့ အစီအစဉ်အတိုင်း လုပ်ဆောင်နေပါတယ်”လို့ ဟာဂါရီက ပြောပါတယ်။
ဂါဇာကမ်းမြောင်က ဟားမတ်စ် စစ်သွေးကြွတွေက အောက်တိုဘာ ၇ ရက်က အစ္စရေး တောင်ပိုင်းကို တိုက်ခိုက်ခဲ့လို့ အစ္စရေးနိုင်ငံက လူပေါင်း ၁၂၀၀ သေဆုံးပြီး အယောက် ၂၄၀ ဓားစာခံအဖြစ် ဖမ်းခေါ်ခံခဲ့ရအပြီး အစ္စရေးက ဟားမတ်စ်တွေကို တိုက်ခိုက်မှု စတင်ခဲ့တယ်လို့ အစ္စရေး တာဝန်ရှိသူတွေက ပြောပါတယ်။
ဟားမတ်စ်အဖွဲ့ကို ချေမှုန်းဖို့ ရည်ရွယ်တယ်ဆိုတဲ့ အစ္စရေးရဲ့ထိုးစစ်ကြောင့် စနေနေ့အထိ လူပေါင်း ၂၂,၇၂၂ ဦး သေဆုံးခဲ့ပြီး လူ ၂ ဒသမ ၃ သန်း နေထိုင်ရာ သေးငယ်တဲ့ ဂါဇာကမ်းမြောင်လည်း ပျက်စီးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
Source/Photo - Reuters