Home
နိုင်ငံတကာ
ဟားမတ်စ်အား ထောက်ပံ့နေသူများအကြောင်း သတင်းပေးသူကို ဒေါ်လာ ၁၀ သန်းပေးမည် 
DVB
·
January 7, 2024
GaZa Hamas_07012024

ဟားမတ်စ်အဖွဲ့ရဲ့ ဘဏ္ဍာရေးယန္တရား ပျက်ပြားစေနိုင်တဲ့ သတင်းအချက်အလက်၊ ဟားမတ်စ်အဖွဲ့ကို ထောက်ပံ့ပေးနေသူတွေအကြောင်း သတင်းအချက်အလက်တွေ ပေးနိုင်ရင် ဒေါ်လာ ၁၀ သန်းအထိ ဆုချီးမြှင့်ပေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဇန်နဝါရီ ၅ ရက်မှာ ကြေညာပါတယ်။

ဟားမတ်စ်အဖွဲ့ကို အဓိက ထောက်ပံ့ပေးနေသူ ၅ ဦးနဲ့ ပတ်သက်တဲ့သတင်းတွေကို အဓိက သိချင်တာ ဖြစ်ပါတယ်။

ဒီ ၅ ဦးထဲမှာ ဟမ်ဇားလို့ ထင်ရှားသူဟာ ဆူဒန်မှာ အခြေစိုက်ပြီး ဟားမတ်စ်ရဲ့ ရင်းနှီးမြှုပ်နှံမှု အရပ်ရပ်နဲ့ ကုမ္ပဏီအများအပြားကို စီမံခန့်ခွဲနေသူ ဖြစ်ပါတယ်။

ဆူဒန်သမ္မတ ဘာရှားအာဆတ်နဲ့ပါ ဆက်ဆံရေးရှိသူဖြစ်ပြီး ဟားမတ်စ်အတွက် ဒေါ်လာ သန်း ၂၀ လောက် ပို့ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သုံးဦးကတော့ တူရကီနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေမှာ ပါဝင်ပတ်သက်နေတာဖြစ်ပြီး နောက်ဆုံးတစ်ဦးကတော့ ကာတာမှာ အခြေစိုက်တယ်လို့ အမေရိကန်က ခန့်မှန်းထားပါတယ်။

ဟားမတ်စ်ရဲ့ ဝင်ငွေရလမ်း၊ အဓိကအလှူရှင်၊ ငွေလွှဲငွေပို့လုပ်ပေးတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်း၊ ဟားမတ်စ်အတွက် တစ်ဖက်လှည့်နဲ့အမည်ခံပြီးနည်းပညာတွေ ဝယ်ပေးတဲ့  ကုမ္ပဏီ၊ ဟားမတ်စ်အတွက် မသမာမှုတွေ လုပ်ပေးတဲ့အဖွဲ့အစည်း စတာတွေနဲ့ ပတ်သက်တဲ့သတင်းတွေ ပေးရင်လည်း ဆုချီးမြှင့်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ကြေညာပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024