လူအသေအပျောက်များတဲ့ ဗုံးပေါက်ကွဲမှုနဲ့ မြေငလျင်လှုပ်မှုတွေ ကြုံတွေ့ခဲ့ရပြီးနောက်မှာ စာနာကြောင်း အီရန်နဲ့ ဂျပန် ခေါင်းဆောင်တွေဆီ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက ဇန်နဝါရီ ၆ ရက်မှာ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ဇန်န၀ါရီ ၁ ရက် နှစ်သစ်ကူးနေ့မှာ ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူဦးရေဟာ ၁၀၀ နီးပါး ရှိလာပြီးတော့ ဇန်န၀ါရီ ၃ ရက်က အီရန်နိုင်ငံမှာလည်း အိုင်အက်စ်အဖွဲ့ရဲ့ လက်ချက်ဖြစ်တဲ့ ဗုံးပေါက်ကွဲမှု ၂ ခုကြောင့် လူပေါင်း ၁၀၀ နီးပါး သေဆုံးခဲ့ရတာပါ။
ငလျင်ဘေးဒဏ်သင့် ဒေသတွေမှာ မကြာမီ ပြန်လည်တည်ငြိမ်လာမယ်လို့ မျှော်လင့်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီယို ခီရှီဒါကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အီရန်သမ္မတ အီဘရာဟင်မ်ရေးစီကိုလည်း စာနာကြောင်းဖော်ပြခဲ့ပြီး မြောက်ကိုရီးယားရဲ့ အကြမ်းဖက်မှု မှန်သမျှကို ဆန့်ကျင်တဲ့ ရပ်တည်ချက်ကို ထပ်မံ အတည်ပြုခဲ့ကြောင်း KCNA က ထုတ်လွှင့်ပါတယ်။
Source/Photo - Reuters