Home
နိုင်ငံတကာ
ဗြိတိန်ရေကြီးမှုအပေါ်  သတိ ပြုမိဟု ဝန်ကြီးချုပ် ပြော
DVB
·
January 6, 2024
UK world 612024

မိုးသည်းကြီးမည်းကြီး ရွာအပြီး ဗြိတိန်နိုင်ငံရဲ့ အရှေ့အလယ်ပိုင်းနဲ့ တခြားဒေသတွေ တလွှားမှာ မြစ်ရေတွေ လျှံတက်လာခဲ့ပြီးတဲ့နောက် ရေကြီးတာရဲ့ သက်ရောက်မှု ဘယ်လောက် ဆိုးရွားတယ် ဆိုတာကို သတိပြုမိတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ရိရှိ ဆူနက်ခ်က ပြောခဲ့ပါတယ်။

ရေဘေးသင့် ဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ အစိုးရက ထုတ်ပြန်ထားတဲ့ ရေကြီးရေလျှံမှု သတိပေးချက်တွေကို လိုက်နာကြဖို့ကိုလည်း ရေဘေးသင့်ဒေသတွေမှာ နေထိုင်သူတွေကို ဇန်နဝါရီ ၅ ရက်က အကြံပေးခဲ့ပါတယ်။ 

ဗြိတိန်ရဲ့နေရာအတော်များများမှာ ရေကြီးလို့ အိမ်ခြေ ၁၀၀၀ လောက် ထိခိုက်ခဲ့ပြီး ရေဘေး သတိပေးချက် အကြိမ် ၃၀၀ လောက်ကို ထုတ်ပြန်ခဲ့ပါတယ်။ 

ထရန့်မြစ်နားက ရပ်ရွာတွေနဲ့ နော့တင်ဟမ်ရှိုင်းယားရဲ့ တခြားအစိတ်အပိုင်းတွေ အပါအဝင် မြေနိမ့်ဒေသက စိုက်ပျိုးမြေတွေနဲ့ လမ်းတွေဟာ အန္တရာယ်အများဆုံး ဧရိယာတွေဖြစ်ပြီး နောက် ၂၄ နာရီအတွင်း မိုးပိုလာမယ်လို့ ခန့်မှန်းထားတဲ့အကြောင်း သဘာဝပတ်ဝန်းကျင် အေဂျင်စီက သောကြာနေ့မှာ ပြောခဲ့ပါတယ်။

ခရီးသွားလုပ်ငန်းရှင်တွေက ဆိုးရွားတဲ့ အနှောင့်အယှက်တွေကို ကြေညာခဲ့ကြပြီး ဒေသခံတွေ အနေနဲ့ အင်မတန် လိုအပ်မှသာ လမ်းတွေကို သုံးကြဖို့ ဒေသအာဏာပိုင်တွေက ညွှန်ကြားထား ပါတယ်။ 

မကြာသေးမီ သီတင်းပတ်တွေအတွင်း ဆက်တိုက် ဆိုသလို ရွာခဲ့တဲ့ မိုးရေတွေကြောင့် ဇန်နဝါရီ ၄ ရက်မှာ အင်္ဂလန်နဲ့ ဝေလနယ်တဝန်း ရေကြီးရေလျှံနေပြီး မြစ်တွေနဲ့ ရေလမ်းကြောင်းတွေ ကမ်းပါး ကျိုးပေါက်ခဲ့ပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024