Home
နိုင်ငံတကာ
တံခါးသော့ ထိန်းချုပ်မှုပြသနာကြောင့် ကား ၁၆ သိန်းကို တက်စ်လာကုမ္ပဏီက ပြန်သိမ်း
DVB
·
January 6, 2024
Tesla world 612024

အမေရိကန် လျှပ်စစ်ကားထုတ်လုပ်ရေး တက်စ်လာကုမ္ပဏီဟာ သူတို့ရဲ့ အော်တိုမက်တစ် စတီယာရင်နဲ့ တံခါး လော့ခ် ထိန်းချုပ်မှုပိုင်း ပြဿနာတွေကြောင့် ကားအစီးရေ ၁၆ သိန်းကျော်ကို ပြန်လည်သိမ်းယူထားတယ်လို့ တရုတ်နိုင်ငံရဲ့ ထိပ်တန်းဈေးကွက်ထိန်းညှိရေးမှူးက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။ 

သောကြာနေ့ မွန်းလွဲပိုင်းက တက်စ်လာရဲ့ ဝဘ်ဆိုက်မှာ တင်ထားတဲ့ ပြန်လည်သိမ်းယူကြောင်း ထုတ်ပြန်ချက်ကို စျေးကွက်စည်းမျဉ်းဆိုင်ရာ နိုင်ငံအုပ်ချုပ်ရေးအဖွဲ့က ကြေညာခဲ့တာပါ။

ယာဉ်မောင်းတွေဟာ အော်တို အထောက်အကူပြု စတီယာရင် လုပ်ဆောင်ချက်ကို ဖွင့်ထားခြင်း ကနေ မော်တော်ယာဉ်ရဲ့ L2 ပေါင်းစပ် ယာဉ်မောင်းအထောက်အကူပြု လုပ်ဆောင်ချက်ကို အလွဲသုံးစားလုပ်ပြီး ယာဉ်တိုက်မှု ဖြစ်နိုင်ခြေကို တိုးစေတယ်လို့ သတိပေးချက်မှာ ဖော်ပြ ထားပါတယ်။ 

တက်စ်လာက သူဟာ SMS နဲ့ မှတ်ပုံတင်ထားတဲ့ မေးလ်စတဲ့ နည်းလမ်းတွေကနေတဆင့် အသုံးပြုသူတွေကို ဆက်သွယ်နေပြီး ဒီပြဿနာတွေကို ဖြေရှင်းရာမှာ အထောက်အကူဖြစ်အောင် အသစ်ထပ်ဖြည့်ထားတဲ့ အင်္ဂါရပ်တွေနဲ့ ကားတွေကို အပ်ဒိတ်လုပ်ဖို့ over-the-air နည်းပညာကို အသုံးပြုသွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။ 

သူ့ရဲ့ အော်တိုပိုင်းလော့- မောင်းသူမဲ့ လုံခြုံရေးစနစ်ဟာ ယာဉ်မောင်းက လွဲမှားစွာအသုံးပြုခြင်း ကိုတော့ မကာကွယ်ပေးနိုင်လောက်ကြောင်း တွေ့ရှိခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတခုအပြီးမှာ မောင်းသူမဲ့ ယာဉ်အန္တရာယ် ကင်းရှင်းရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့လက အမေရိကန်မှာ ကားအစီးရေ ၂ သန်းကျော်ကို ပြန်လည်သိမ်းယူခဲ့ပြီးနောက်မှာ တရုတ်နိုင်ငံမှာလည်း တက်စ်လာ ကားတွေကို ပြန်လည်သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။

အလိုအလျောက် စတီယာရင် အထောက်အကူပြု လုပ်ဆောင်ချက် ပြဿနာတွေကြောင့် ပြန်လည် သိမ်းယူမှုမှာ ကားအစီးရေ ၁ ဒသမ ၆၁ သန်း ဖြစ်ပြီး ၂၀၁၄ ခုနှစ် သြဂုတ် ၂၆ ရက်ကနေ ၂၀၂၃ ဒီဇင်ဘာ ၂၀ ရက်အတွင်း ထုတ်လုပ်တဲ့ ရက်စွဲတွေနဲ့အတူ ပြည်တွင်းထုတ် Model 3 နဲ့ Model Y တို့ အပါအဝင် ပြည်ပမှတင်သွင်းလာတဲ့ Model S၊ Model X နဲ့ Model 3 ကားတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ကုမ္ပဏီဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့အထိ တရုတ်နိုင်ငံကိုတင်သွင်းတဲ့ Model S နဲ့ Model X လျှပ်စစ်ကား ၇၅၃၈ စီးကိုလည်း တံခါးလက်ကိုင် ထိန်းချုပ်မှုဆိုင်ရာ ပြဿနာတွေကြောင့် ပြန်လည်သိမ်းဆည်းခဲ့ပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024