မြောက်ကိုရီးယားက အငြင်းပွားရေပိုင်နက် နယ်နိမိတ်အနားမှာ အမြောက်ကျည် ၂၀၀ ကျော် ပစ်ခတ်ခဲ့ပြီးနောက် တောင်ကိုရီးယားကလည်း ယွန်းဖြောင်းကျွန်းမှာ ဇန်နဝါရီ ၅ ရက်က လက်နက်ကြီးတွေကို ပစ်ခတ် လေ့ကျင့် ခဲ့ပါတယ်။
ယွန်းဖြောင်းကျွန်းဟာ ဆိုးလ်မြို့တော် အနောက်ဘက် ၇၅ မိုင် အကွာမှာ တည်ရှိပြီး ဒေသခံ အရပ်သားနဲ့ စစ်သည်အင်အား ၂၀၀၀ ကျော် စခန်းချနေထိုင်ပါတယ်။
ဆိုးလ်မြို့တော်ကနေ ကုတို့ယာဉ် စီးရင် အချိန် ၂နာရီခွဲ ကြာနိုင်ပါတယ်။
အပြန်အလှန်အနေနဲ့ တောင်ကိုးရီးယားရဲ့ ဝေးလံခေါင်သီတဲ့ ကျွန်း ၂ ကျွန်းက ဒေသခံတွေကို မြောက်ဘက်ကန့်သတ်မျဉ်း (NLL) နယ်စပ်ဆီ တိုက်ရိုက် ပစ်ခတ် လေ့ကျင့်တာ မလုပ်ခင် ဗုံးခိုကျင်းတွေဆီ ပြောင်းဖို့ တွန်းအားပေးခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ အမြောက်ကျည်တွေ အားလုံး ပင်လယ်နယ်စပ် မြောက်ဘက်ခြမ်းမှာ ကျရောက်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။
တောင်ကိုရီးယားစစ်တပ်ဟာ အမေရိကန်စစ်တပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ သူ့ကမ်းခြေ တလျှောက် မြောက်ကိုရီးယားရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတယ်လို့ ပြောခဲ့ပါတယ်။
ယွန်းဖြောင်းနဲ့ ဘန်းညောင် ကျွန်းတွေပေါ်မှာ အခြေစိုက်ထားတဲ့ ကမ်းတက်တပ်ဖွဲ့တွေဟာ မြောက်ပိုင်းကန့်သတ်လိုင်းလို့ ခေါ်တဲ့ နယ်စပ်မျဉ်းရဲ့ တောင်ဘက်ပင်လယ်ပြင်မှာ စစ်ဆင်ရေး တုံ့ပြန်မှုကို အပြင်းအထန် သရုပ်ပြခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တောင်ကိုရီးယားက စစ်ရေးလေ့ကျင့်ရာမှာ အလိုအလျောက် ပစ်ခတ်နိုင်တဲ့ အမြောက်နဲ့ တင့်ကား တွေ ပါဝင်ခဲ့ ပါတယ်။
ယွန်းဖြောင်း ကျွန်းရဲ့ အနောက်ဘက်အစွန်ဆုံးနဲ့ ပင်လယ်နယ်စပ်နားက ဘန်းညောင် ကျွန်းပေါ်မှာ လူဦးရေ ၄၉၀၀ လောက် ရှိခဲ့ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားစစ်တပ်တွေရဲ့ အန္တရာယ်ရှိတဲ့ လှုပ်ရှားမှုတွေကြောင့် ကိုရီးယား ကျွန်းဆွယ်က အခြေအနေဟာ စစ်ပွဲဆီသို့ ဦးတည်နေတယ်လို့ မကြာသေးမီရက်ပိုင်းမှာ မြောက်ကိုရီးယားက သတိပေးခဲ့ပါတယ်။
တိုက်ခိုက် လာခဲ့ရင် စစ်ရေးတုံ့ပြန်မှုတွေကို ချေမှုန်းပစ်မယ်လို့ ကိုရီးယား ၂ နိုင်ငံစလုံးက ကတိ ပြုထားပါတယ်။
Source/Photo-Reuters