CIES က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့တန်ကြေးအမြင့်မားဆုံး ကစားသမား ၁၀ ဦးစာရင်းမှာ ရီးရဲလ်မက်ထရစ်အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဘယ်လင်ဂမ်က ပေါင် ၂၃၀ ဒသမ ၄ သန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
မန်စီးတီးတိုက်စစ်မှူး အဲရစ်ဟာလန်းက ဒုတိယနေရာမှာသာ ရပ်တည်နေတာ တွေ့ရပါတယ်။
ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်က ဘောလုံးသမားတွေရဲ့ ၁ နှစ်တာ စွမ်းဆောင်ရည်ပိုင်းတွေနဲ့ အပြောင်းအရွှေ့ ပေါင်းမြောက်များစွာကို လေ့လာအကဲဖြတ် ထုတ်ပြန်ထားတဲ့ ဒီစာရင်းမှာ အင်္ဂလန်ကစားသမားတွေ လွှမ်းမိုးထားတာလည်း ဖြစ်ပါတယ်။
လတ်တလော စျေးကွက်တန်ဖိုးအမြင့်မားဆုံး ကစားသမားစာရင်းမှာ ဘရာဇီးအသင်းနဲ့ ရီးရဲလ်မက်ထရစ်အသင်းရဲ့ လူငယ်ကစားသမား ဗင်းဆင့်ဂျူနီယာက အဆင့် ၃ ၊ အခြားအသင်းဖော် တဦးဖြစ်တဲ့ ရိုဒရီဂိုက အဆင့် ၄ နဲ့ အာဆင်နယ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဘူကာယိုဆာကာက အဆင့် ၅ ချိတ်ပြီး မန်စီးတီးကြယ်ပွင့် ဖီးလစ်ဖိုဒန်က အဆင့် ၆ မှာ ရပ်တည်နေတာပါ။
ပြီးခဲ့တဲ့ နွေမှာ ဒေါ့မွန်အသင်းကနေ ရီးရဲလ်မက်ထရစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၁၃ သန်းနဲ့ ရောက်ရှိလာတဲ့ အသက် ၂၀ အရွယ်တိုက်စစ်မှူး ဘယ်လင်ဟမ်ဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၂၂ ပွဲကစားပြီး သွင်းဂိုး ၁၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ပေးထာသူလည်း ဖြစ်ပါတယ်။
CIES ဟာ တနှစ်တာကာလအတွင်း ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပိုင်းကို စောင့်ကြည့်အကဲ ဖြတ်ရုံသာမက ကစားသမားတွေရဲ့ စျေးကွက်ခန့်မှန်းတန်ကြေး၊ အပြောင်းအရွှေ့တွေကို စာရင်းပြုစု ထုတ်ပြန်ပေးလျက်ရှိတဲ့ အဖွဲ့ တခုဖြစ်ပါတယ်။
Photo-Reuters