မြောက်ကိုရီးယားဟာ ဇန်နဝါရီ ၅ ရက် မနက်ပိုင်းက ကမ်းရိုးတန်းအမြောက်ကျည် ၂၀၀ ကျော် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။
ပစ်ခတ်မှုတွေကြောင့် တောင်ကိုရီးယားဘက်မှာ ထိခိုက်မှု မရှိကြောင်းနဲ့ ကျည်ဆန်တွေ ကိုရီးယား ၂ နိုင်ငံအကြားက ပင်လယ်နယ်နိမိတ်ဖြစ်တဲ့ မြောက်ပိုင်းကန့်သတ်မျဉ်းရဲ့ မြောက်ဘက်ကို ကျရောက်ခဲ့တယ်လို့ တောင်ကိုရီးယားရဲ့ ပူးတွဲ စစ်ဦးစီး အရာရှိ (JCS) ပြည်သူ့ရေးရာ ဒါရိုက်တာ၊ ဗိုလ်မှူးကြီး လီဆွန်ဂျွန်းက ပြောပါတယ်။
တောင်ကိုရီးယားအစိုးရဟာ မြောက်ကိုရီးယားနဲ့နယ်စပ်အနီးရှိ ယုံဖြောင်းကျွန်းမှာ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အမိန့်ထုတ်ထားကြောင်း ဒေသဆိုင်ရာ အရာရှိတဦးက ရိုက်တာကို ပြောပါတယ်။
ဒီအမိန့်ဟာ မြောက်ကိုရီးယားရဲ့ အမြောက်ပစ်ခတ်မှု ဒါမှမဟုတ် တောင်ကိုးရီးယား စစ်ရေး လေ့ကျင့်မှုတို့ကို တုံ့ပြန်မှုလား ဆိုတာကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနက အတည်မပြုပါဘူး။
ဒါပေမဲ့ ဒီနေ့ ညနေ ၃ နာရီမှာ စတင်ပြီး တောင်ကိုးရီးယားတပ်ဖွဲ့ဝင်တွေက "ရေတပ်ပစ်ခတ်မှု" လုပ်ဆောင်မှာဖြစ်ကြောင်း ဖော်ပြထားတဲ့ သတင်းမက်ဆေ့ချ်ကို ဒေသခံတွေဆီ ပေးပို့ထားပြီး ကျွန်းတာဝန်ရှိသူတွေကလည်း အတည်ပြုထားပါတယ်။
Source/Photo - Reuters