Home
နိုင်ငံတကာ
အလ်ဆာဗေးဒိုးမြို့တော်ရှိ ပြန်လည်သင့်မြတ်ရေး အထိမ်းအမှတ် ရုပ်တုကြီးကို ဖြိုဖျက်
DVB
·
January 5, 2024
elsava world 512024

အလ်ဆာဗေးဒိုးအစိုးရဟာ ဆန်ဆလ်ဗေးဒိုးမြို့တော်ရှိ ပြန်လည်သင့်မြတ်ရေး အထိမ်းအမှတ် ရုပ်တုကြီးကို ဇန်နဝါရီ ၃ ရက်မှာ စတင်ဖြိုဖျက်ခဲ့ပါတယ်။

ပန်းပုလက်ရာ ၃ ခုပါတဲ့ ဒီအထိမ်းအမှတ်ရုပ်တုကြီးကို  ၂၀၁၇ ခုနှစ်က ပြသခဲ့တာဖြစ်ပြီး အလ်ဆာဗေးဒိုးအစိုးရနဲ့ ဖှာရာဘန်ဒိုမာတီ အမျိုးသားလွတ်မြောက်ရေးတပ်ဦး (FMLN) ကိုယ်စားပြု ပြောက်ကျားအဖွဲ့တွေအကြား ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးပြီးနောက် ၂၅ နှစ်ပြည့် အထိမ်းအမှတ် ဖြစ်ပါတယ်။

ပြည်သူ့ရေးရာဝန်ကြီး ရိုမီရို ရိုဒရီဂွက်ဇ်က “ဒါဟာ အဂတိလိုက်စားမှုရဲ့ အထိမ်းအမှတ် ရုပ်တုကြီးဖြစ်ပြီး၊ ဒီမှာရှိနေတဲ့ အရုပ်တရုပ်က ဒေါ်လာ ၁ သန်းကျော် ကုန်ကျပါတယ်”လို့ ပြောပါတယ်။

ပန်းပုဆရာကိုယ်တိုင်ကတောင် ဒီရုပ်တုကြီးဟာ လက်ရာကြမ်းတမ်း တောင့်တင်းပြီး ခန္ဓာဗေဒနဲ့ အချိုးအစား ချို့ယွင်းချက်တွေ ရှိတယ်လို့တောင် ပြောကြောင်း သူကဆိုပါတယ်။

ဒီပြန်လည်သင့်မြတ်ရေး အထိမ်းအမှတ် ရုပ်တုကြီးဟာ အလှအပပိုင်းမှာလည်း ကြောက်စရာကောင်းရုံသာမက ကိုယ့်ပြည်သူလူထုကို သတ်ဖြတ်သူတွေအကြားက သဘောတူညီချက် ပဋိညာဉ်ကို ဂုဏ်တင်ပေးရာရောက်နေပြီး ဒါကို ဖြိုချဖို့ အမိန့်ပေးလိုက်ကြောင်း အလ်ဆာဗေးဒိုး သမ္မတ နာယစ်ဘူကီလီရဲ့ X လူမှုကွန်ရက်မှာလည်း ရေးထားပါတယ်။

ဒီနေရာမှာ ဆာဗေးဒေါ မိသားစုတွေရဲ့ ပျော်ရွှင်မှုအတွက် အများပြည်သူဆိုင်ရာ နေရာအသစ်တခုကို တည်ဆောက်သွားမယ်လို့လည်း ဆိုပါတယ်။

အယ်လ်ဆာဗေးဒေါဟာ ၁၉၈၀ မှ ၁၉၉၂ ခုနှစ်အတွင်း FMLN ပြောက်ကျားတွေနဲ့ အမေရိကန်က ငွေကြေးထောက်ပံ့ထားတဲ့ ဆာဗေးဒေါစစ်တပ်တို့အကြား ထိပ်တိုက်တွေ့ကြတဲ့ ပြည်တွင်းစစ်ကို ထိန်းထားနိုင်ခဲ့ပြီး ဒီစစ်ပွဲတွေမှာ သေဆုံးသူ ၇၅,၀၀၀ နဲ့ ပျောက်ဆုံးသူ ၈၀၀၀ လောက် ရှိခဲ့ပါတယ်။ 

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013