အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ဟာ ကော်လိုရာဒါပြည်နယ် ရီပတ်ဘလစ်ကန် သမ္မတလောင်း အကြိုရွေးကောက်ပွဲရဲ့ မဲစာရင်းကနေ ထုတ်ပယ်ခံခဲ့ရမှုအပေါ် ပြည်ထောင်စုတရားရုံးချုပ်က ကြားဝင်ဆောင်ရွက်ပေးဖို့ ဇန်နဝါရီ ၃ ရက်မှာ အယူခံတက်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်က ကက်ပီတယ်လ် လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့ရာမှာ ထရမ့်ပ်က ဆူပူအောင် လှုံ့ဆော်ခဲ့တယ်ဆိုပြီး အခုလို အပယ်ခံရတာဖြစ်ပါတယ်။
ဆူပူအုံကြွမှုနဲ့ ပုန်ကန်မှုမှာ ပါဝင်သူတွေကို အစိုးရရာထူးနေရာအတွက် ယှဉ်ပြိုင်ခွင့် တားမြစ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်အရ ကော်လိုရာဒိုပြည်နယ်တရားရုံးက ထရမ့်ပ်ကို ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန်ပါတီဘက်မှာ ရေပန်းအစားဆုံးဖြစ်နေတဲ့ ထရမ့်ပ်အနေနဲ့ ဒီဆုံးဖြတ်ချက်အပေါ် အယူခံတက်နိုင်ဖို့ကို ဇန်နဝါရီ ၄ ရက်အထိ ပြည်နယ်တရားရုံးက အချိန်ပေးထားပါတယ်။
အဓိကပါတီကြီးတခုမှာ ဦးဆောင်နေတဲ့ ကိုယ်စားလှယ်လောင်းတယောက်ကို မဲဆန္ဒရှင်တွေက မဲပေးခွင့်မရှိအောင် ပိတ်ပင်ဖို့ တရားရေးဘက်က ဝင်ရောက်စွက်ဖက်တာဟာ အမေရိကန်သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးလို့ ရှေ့နေတွေက လျှောက်လဲထားပါတယ်။
Source/Photo-Reuters