Home
မြန်မာသတင်း
ရနောင်းထောင်တွင် ပြစ်ဒဏ်စေ့ပြီး မလွတ်သဖြင့် မြန်မာနိုင်ငံသား ၂၅၀‌ ကျော် ဆန္ဒပြ
DVB
·
January 4, 2024
Yanaing Prison protest Myanmar_04012024

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးအတွင်းမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမား အချုပ်ထောင်မှာ မြန်မာနိုင်ငံသား ၂၅၈ ဦးကို လွတ်ရက်စေ့ပေမဲ့ မလွှတ်ပေးတဲ့အတွက် ဇန်နဝါရီ ၂ ရက်နေ့မှာ ဆန္ဒပြခဲ့တယ်လို့ Daily News သတင်းမှာ ဖော်ပြထားပါတယ်။

ရနောင်းအချုပ်ထောင်အတွင်း ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၂၅၈ ဦးဟာ ၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနဲ့ ထိုင်းအာဏာပိုင်တွေက ထိုင်းတောင်ပိုင်းထောင်တွေမှာ ပြစ်ဒဏ်စီရင်ခဲ့တဲ့သူတွေဖြစ်ပြီး လွတ်ရက်စေ့တဲ့အခါ မြန်မာဘက်ကို ပြန်ပို့ဖို့ ရနောင်းအချုပ်ထောင်ကို ရွှေ့ပြောင်းခဲ့ပေမဲ့ လအတော်ကြာတဲ့အထိ မလွှတ်ပေးတာကြောင့် ဆန္ဒပြခဲ့ကြတာပါ။

“နှစ်သစ်ကူးမှာ အမိမြန်မာနိုင်ငံကို ပြန်ပို့ပေးပါ” ဆိုပြီး ထိုင်းလိုရေးပြီး ဆန္ဒပြခဲ့တဲ့ မြန်မာနိုင်ငံသား အမျိုးသား ၂၁၀ နဲ့ အမျိုးသမီး ၄၈ ဦးတို့ကို ထိုင်းရဲနဲ့ စစ်သားအင်အား ၆၀ ကျော်နဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့တယ်လို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးအရာရှိ ဆူဖရပ်ပန်ကိုဆန်က ပြောပါတယ်။

“ဆန္ဒပြနေတဲ့ မြန်မာနိုင်ငံသားတွေကို ကျနော်တို့ ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ကျနော်တို့က သူတို့ တဦး‌ တယောက်မှ မထိခိုက်စေရတာနဲ့ စစ်သားတွေကို အချုပ်ထောင်ထဲ ပေးမဝင်စေရဘူး ဆိုတဲ့ ကတိတွေ ပေးခဲ့ပါတယ်။ ကျနော်တို့အနေနဲ့ အင်အားသုံးပြီး ဖြေရှင်းသွားဖို့ မရှိပါဘူး။”

ထိုင်းအာဏာပိုင်တွေနဲ့ ဆန္ဒပြတဲ့ခေါင်းဆောင် ၆ ဦးတို့ ဆွေးနွေးခဲ့တယ်ဆိုပြီး ထုတ်ပြန်ခဲ့ပေမဲ့ မြန်မာနိုင်ငံသား ၂၅၈ ဦး ဘယ်နေ့ မြန်မာပြည်ပြန်ပို့မယ် ဆိုတာကိုတော့ သတင်းမှာ ဖော်ပြခဲ့ခြင်း မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024