Home
နိုင်ငံတကာ
အစ္စရေး သူလျှိုလုပ်မှုဖြင့် သံသယရှိသူ ၃၄ ဦးကို တူရကီ ဖမ်းဆီး
DVB
·
January 3, 2024
Turkey says it rounds up 34 suspected Israeli spies

အစ္စရေးနိုင်ငံရဲ့ မော့ဆက် ထောက်လှမ်းရေးအဖွဲ့အတွက် သူလျှိုလုပ်တယ်လို့ သံသယရှိသူ ၃၄ ဦးကို တူရကီရဲတပ်ဖွဲ့က ဖမ်းလိုက်တယ်လို့ တူရကီ အမျိုးသားထောက်လှမ်းရေးအေဂျင်စီ (MIT) သတင်းရင်းမြစ်တရပ်က ဇန်နဝါရီ ၂ ရက်မှာ ပြောပါတယ်။

MIT သတင်းရင်းမြစ်က အစ္စရေးထောက်လှမ်းရေးနဲ့ အဆက်အသွယ်ရှိတဲ့ လူပေါင်း ၄၆ ဦးကို ဖော်ထုတ်နိုင်ခဲ့ပေမဲ့ တချို့က ပြည်ပကို ထွက်သွားတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က တူရကီမှာနေတဲ့ နိုင်ငံခြားသားတွေကို ဖော်ထုတ်၊ စောင့်ကြည့်၊ ချေမှုန်းဖို့နဲ့ ပြန်ပေးဆွဲဖို့ ရည်ရွယ်နေတယ်လို့ ယုံကြည်ရတဲ့ သံသယရှိသူတွေကို ပစ်မှတ်ထားခဲ့တာပါ။

စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းအဖြစ် ပြည်နယ်ရှစ်ခုက နေရာ ၅၇ ခုကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး အလီ ယာလစ်ကာယာက ဆိုရှယ်မီဒီယာပလပ်ဖောင်း X မှာ အစောပိုင်းတည်းက ပြောခဲ့ပါတယ်။

တူရကီနိုင်ငံ အပါအဝင် ပါလက်စတိုင်းနယ်မြေတွေ အပြင်ဘက်မှာနေတဲ့ ဟားမတ်စ် စစ်သွေးကြွအဖွဲ့က အဖွဲ့ဝင်တွေကို လိုက်ဖမ်းဖို့ ကြိုးစားရင် ပြင်းထန်တဲ့ အကျိုးဆက်တွေ ရှိလာနိုင်တယ်လို့ တူရကီအရာရှိတွေက အစ္စရေးကို သတိပေးခဲ့သလို ဒါဟာ အမှားတခုလို့ တူရကီသမ္မတ တေယစ်အာဒိုဂန်က ပြောခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024