အစ္စရေးနိုင်ငံမှာ တရားရုံးတွေရဲ့ အာဏာတချို့ကို ပြန်ရုပ်သိမ်းဖို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုအစိုးရက အတည်ပြုခဲ့ပြီး ပြည်လုံးကျွတ် ဆန္ဒပြပွဲတွေ ပေါ်ပေါက်စေခဲ့တဲ့ အပြင်းအထန် အငြင်းပွားနေတဲ့ ဥပဒေကို အစ္စရေး တရားရုံးချုပ်က ဇန်နဝါရီ ၁ ရက်မှာ တရားမဝင်ကြောင်း ကြေညာရင်း ပယ်ဖျက်လိုက်ပါတယ်။
ဒီဥပဒေဟာ နေတန်ယာဟုနဲ့ သူ့ရဲ့ ဘာသာရေးနဲ့ အမျိုးသားရေးဝါဒီ မိတ်ဖက်တွေပါတဲ့ ညွန့်ပေါင်းအဖွဲ့က အဆိုပြုတဲ့ ပိုကျယ်ပြန့်တဲ့ တရားရေး အလုံးစုံ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ရဲ့ အစိတ်အပိုင်းပါ။
ဒီဥပဒေကြောင့် အစ္စရေးနိုင်ငံအတွင်း အကွဲအပြဲ နက်ရှိုင်းခဲ့ပြီး အနောက်မဟာမိတ်တွေ ကြား အစ္စရေးရဲ့ ဒီမိုကရေစီစည်းမျဉ်းတွေအပေါ် စိုးရိမ်ချက်တွေ ပေါ်ပေါက်စေခဲ့ပါတယ်။
တရားသူကြီး ၁၅ ယောက်ထဲက ၈ ယောက်က ဥပဒေကို တရားမဝင်ကြောင်း ကြေညာရင်း ပယ်ဖျက်ဖို့ ထောက်ခံမဲပေးခဲ့တယ်လို့ တရားရုံးချုပ်က ပြောပါတယ်။
ဒီဥပဒေဟာ အစ္စရေးရဲ့ ဒီမိုကရေစီကို ဆိုးဆိုးရွားရွား ထိခိုက်စေမှာဖြစ်လို့ ဥပဒေကို ပယ်ဖျက်ဖို့ တရားသူကြီး အများစုက ဆုံးဖြတ်ခဲ့တယ်လို့ တရားရုံးချုပ်က သူ့ ဆုံးဖြတ်ချက် အကျဉ်းချုပ်မှာ ပြောပါတယ်။
Source/Photo - Reuters