ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အငြင်းပွားဖွယ်ရာ နမ်းရှိုက်မှုနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ဖြေဆိုဖို့အတွက် စပိန်အသင်းရဲ့ အမျိုးသမီးဘောလုံးကြယ်ပွင့် ဂျန်နီဖာဟာမိုဆိုဟာ စပိန်နိုင်ငံရဲ့ တရားရုံးချုပ်ကို ဇန်နဝါရီ ၂ ရက်မှာ ရောက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လတုန်းက သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ကျင်းပသွားတဲ့ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်မှာ စပိန်အသင်း ဗိုလ်စွဲသွားတဲ့အတွက် စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက ဟာမိုဆိုရဲ့ နှုတ်ခမ်းကို ခွင့်ပြုချက်မရှိဘဲ အောင်ပွဲခံရင်း နမ်းရှိုက်ခဲ့တာပါ။
ဒါကြောင့် စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ လူဝစ်ရူဘီယာလက်စ် အနေနဲ့ ရာထူးကနေ နုတ်ထွက်ခဲ့ရသလို ဘောလုံးလောကနဲ့လည်း ၃ နှစ်တာ မပတ်သက်ဖို့ ပိတ်ပင်ခံထားရပါတယ်။
ဒီဖြစ်ရပ်က စပိန်အမျိုးသမီးအသင်းရဲ့ ကမ္ဘာ့ဖလား အောင်မြင်မှုကိုပါ လောင်းရိပ်မိလုနီးပါး ဖြစ်စေခဲ့ပါတယ်။
ဒါ့အပြင် အမျိုးသမီးအားကစားနည်းတွေမှာ တိုးတက်မှုများစွာရှိ နေပေမဲ့ ပိုပြီးစနစ်ကျတဲ့ ပြောင်းလဲမှုတွေ လိုအပ်နေသေးကြောင်း ဖော်ပြထားပါတယ်။
Source/Photo-Reuters