Home
မြန်မာသတင်း
ယုဇနဥယျာဉ်မြို့တော်၌ ပြည်သူ ၇ ဦး ထက်မနည်း ဖမ်းဆီးခံရ
DVB
·
January 3, 2024
Yuzana Garden_03012024

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်မှာ  ဇန်နဝါရီ ၂ ရက်နေ့လယ်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပြည်သူ  ၇ ယောက် ထက်မနည်းကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့တွေက အိမ်ရာဝင်းအတွင်း အိမ်စီးကားတွေနဲ့ လာရောက်ပြီး  အမျိုးသား အမျိုးသမီး ၇ ဦးထက်မနည်းကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ယုဇနဥယျာဉ်မြို့တော်မှာ နေထိုင်သူတစ်ဦးက “အိမ်စီးကား ၁၂ စီးလောက်နဲ့  A ဘလောက်မှာ ရပ်ပြီး ထမင်းဆိုင်က အမျိုးသားတစ်ဦးကိုအရင်  ဖမ်းတယ်။ အဲဒီကနေ B ဘလောက်ဘက်ကို ကားနဲ့ပတ်ပြီး လိုက်ဖမ်းတယ်။ အရပ်ဝတ်တွေနဲ့ပဲ သေနတ်အရှည်တွေ လွယ်ထားတယ်။ ကားပေါ် တင်ဖမ်းသွားတာ တွေ့လိုက်ရတာတော့ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦး ဖမ်းသွားတာ တွေ့လိုက်တယ်။ ဘာလို့ ဖမ်းလဲတော့ မသိဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့တွေက B ဘလောက်အရောက်မှာ သေနတ် ပစ်ဖောက်ပြီးနောက်  လူငယ်အမျိုးသား အမျိုးသမီး ၅ ဦး  အသက် ၅၀ ကျော် အရွယ် အမျိုးသား တစ်ဦးနဲ့ A ဘလောက်မှာနေတဲ့ အမျိုးသားတစ်ဦးတို့ကို  ဖမ်းဆီးသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်  ဇွန် ၂၃ ရက်က ယုဇနဥယျာဉ်မြို့တော် C ဘလောက်မှာ နေထိုင်တဲ့ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ဒေသခံ ပြည်သူ သုံးဦးထက်မနည်းကို ဖမ်းဆီးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024