ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီဇင်ဘာ ၃၀ ရက် မနက်အစောပိုင်းက မြန်မာနိုင်ငံသား ၂ ဦး ဆိုင်ကယ်နဲ့ တံတားပေါ်ရှိ ဂငယ်ကွေ့ကို ကွေ့ရာ အရှိန်မထိန်းနိုင်ဘဲ တံတားဘောင်နဲ့ တိုက်မိပြီး တံတားအောက်ပြုတ်ကြကာ အငှားယာဉ်နဲ့ ထပ်မံတိုက်မိပြီး သေဆုံးခဲ့တယ်လို့ MGR အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဘန်ကောက်မြို့ ဖလန်ဆောင်လမ်းမှာ ဒီဇင်ဘာ ၃၀ ရက် မနက် ၁ နာရီကျော်က ဆိုင်ကယ်တိုက်မှုဖြစ်တယ်ဆိုတဲ့ သတင်းပေးချက်အရ ဆမန်မြို့မရဲစခန်းမှူး ပတ်ထိုင်အိုနဲ့ အဖွဲ့က ဆီရီရတ်ဆေးရုံမှ မှုခင်းဆရာဝန်တွေ၊ ရီအမ်ကတန်ယူဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်းတွေနဲ့ အတူ အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိတဲ့အချိန်မှာ အသက် ၃၀ အရွယ် မြန်မာအလုပ်သမား ကိုဇော်ဟာ ဦးခေါင်းခွံကြေပြီး ခြေလက်တွေကျိုးကာ သေဆုံးနေသလို ကျန်မြန်မာတဦးမှာလည်း ခြေလက်ကျိုးကြေပြီး သေဆုံးနေပါတယ်။
CCTV မှတ်တမ်းတွေကို ပြန်လည်စစ်ဆေးချက်အရ မြန်မာနိုင်ငံသားမောင်းလာတဲ့ ဆိုင်ကယ်ဟာ အရှိန်မထိန်းနိုင်ဘဲ တံတားဘောင်ကိုတိုက်ကာ ဆိုင်ကယ်က တံတားပေါ်မှာ ကျန်ခဲ့ပြီး သူတို့နှစ်ဦးက တံတားအောက်ပြုတ်ကြကာ အငှားယာဉ်နဲ့ ထပ်မံတိုက်မိပြီး သေဆုံးခဲ့ပါတယ်။
သေဆုံးသွားတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဆီရီရတ်ဆေးရုံ ပို့ဆောင်ပြီး သင်္ဂြိုဟ်ဖို့အတွက် မိသားစုနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားနေသလို အမှုမှန်ပေါ်ဖို့အတွက် ထိုင်းအငှားယာဉ်မောင်းကို ဆက်လက်စစ်ဆေးနေတယ်လို့ ဆမန်မြို့မရဲစခန်းမှူးက ပြောပါတယ်။
Source-MGR Online