အိုင်ဗရီကို့စ်နိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ အာဖရိနိုင်ငံများဖလား ဘောလုံးပြိုင်ပွဲအတွင်း အီဂျစ်နိုင်ငံလက်ရွေးစင်အသင်းကို မိုဟာမတ် ဆာလာက အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်သွားဖို့ရှိပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြ ရူအီ ဗစ်တိုးရီးယားရဲ့ အပြီးသတ် ၂၇ ဦးစာရင်းမှာ အပြောင်းအလဲ နှစ်ခုသာ ပါဝင်လာခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ်တုန်းက လူစာရင်းအတိုင်း အားလုံးနီးပါးကို ရွေးချယ်ခဲ့တာပါ။
အရင်ပြိုင်ပွဲမှာ လီဗာပူးအသင်းဖော်ဟောင်း မာနေးရဲ့ ဆီနီဂေါအသင်းကို ဆာလာအနေနဲ့ ဖိုင်နယ် အဆင့်မှာ ရှုံးနိမ့်ခဲ့ရတာကြောင့် ရှုံးကြွေးဆပ်နိုင်မလားဆိုတာကတော့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
လာမယ့် ဇန်နဝါရီ ၄ ရက်နေ့ အုပ်စု(ခ)ရဲ့ အဖွင့်ပွဲစဉ်အဖြစ် အီဂျစ်နဲ့ မိုဇမ်ဘီအသင်းတို့ အဘစ်ဂျန်မြို့မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အီဂျစ်ဟာ ဂါနာ၊ မိုဇမ်ဘီ ကိပ်ဗာဒီကျွန်းစုနိုင်ငံအသင်းတို့နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။
Photo-Reuters