Home
နိုင်ငံတကာ
ဗီဇာကင်းလွတ်ခွင့်ကြောင့် တရုတ်ခရီးသွားများ မလေးရှားနှင့် ထိုင်းသို့ ဝင်ရောက်မှု မြင့်တက်
DVB
·
January 1, 2024
china world 112024

ခရီးသွားလုပ်ငန်းကို မှီခိုအားထားနေကြတဲ့ အရှေ့တောင်အာရှနိုင်ငံ ၂ ခုဖြစ်တဲ့ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ဟာ တရုတ်နိုင်ငံက ခရီးသွားတွေကို ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်ပြုလိုက်တာကြောင့် တရုတ်ခရီးသည်ဝင်ရောက်မှုက တဟုန်ထိုး မြင့်တက်လာနေပါတယ်။

ကပ်ရောဂါ မဖြစ်ပွားခင်က အရှေ့တောင်အာရှ ပြင်ပကနေ မလေးရှားနိုင်ငံကို လာရောက် လည်ပတ်တဲ့ အကြီးမားဆုံးရင်းမြစ်ဖြစ်တဲ့ တရုတ်နိုင်ငံကနေ အခုတဖန် ခရီးသွားတွေ ပြန်များလာတာပါ။

၂၀၂၃ ခုနှစ်ရဲ့ အချိန်အတော်များများမှာ တရုတ်မှ မလေးရှားကို လာရောက်မှုအပြင် ခရီးသွားလုပ်ငန်းကို မှီခိုနေရတဲ့ ထိုင်းနိုင်ငံကို ရောက်ရှိလာမှုတွေက နည်းပါးခဲ့ပါတယ်။

မလေးရှား ခရီးစဉ်နဲ့ ခရီးသွား အေးဂျင့်များအသင်း (MATTA) ဥက္ကဋ္ဌ နီဂျယ်ဝေါင်းက “တရုတ်ခရီးသွားဧည့်သည်တွေ မရှိတာက စီးပွားရေးအပေါ် သက်ရောက်မှုကြီး တခုဖြစ်ပြီး အာဆီယံ မိတ်ဖက်နိုင်ငံတွေအတွက် တရုတ်က အရမ်းအရေးကြီးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

စက်တင်ဘာလမှာ ထိုင်းနိုင်ငံဟာ တရုတ်ခရီးသွားတွေ ဝင်ရောက်မှု တိုးမြင့်လာစေဖို့ ဗီဇာ ကင်းလွတ်ခွင့်ကို စတင်ခွင့်ပြုခဲ့တာဖြစ်ပြီး မလေးရှားအစိုးရကတော့ ဒီဇင်ဘာ ၁ ရက်မှ စတင်ပြီး တရုတ်ကို ဗီဇာကင်းလွတ်ခွင့် ပြုခဲ့တာပါ။

တရုတ်ခရီးသွားတွေကို မှီခိုနေရတဲ့ စီးပွားရေးလုပ်ငန်းတွေက ပိုပြီးတော့ တက်ကြွလာတယ်လို့ ခံစားရတယ်လို့လည်း မလေးရှားနိုင်ငံမှ စားသောက်ဆိုင်ပိုင်ရှင် ဖန်ကတ်ကယွန် က ဆိုပါတယ်။

မလေးရှားနဲ့ တရုတ်နိုင်ငံတို့ဟာ ၂၀၂၄ ခုနှစ်မှာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပဖို့ ပြင်ဆင်နေချိန်ဖြစ်ပြီး တရုတ်နိုင်ငံကလည်း မကြာသေးခင်ကမှ မလေးရှားနိုင်ငံသားတွေအတွက် ဗီဇာမလိုဘဲ လာရောက်လည်ပတ်လို့ရတဲ့ ခရီးသွားနေရာတွေကို ရွေးချယ်ပေးခဲ့ပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024