Home
နိုင်ငံတကာ
စပိန်က ကယ်ခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူ ၁၈ ဦးအနက် ၃ ဦး သေဆုံး
DVB
·
January 1, 2024

စပိန်နိုင်ငံ ကာနာရီကျွန်းတွေနားကနေ ဒီဇင်ဘာ ၃၁ ရက်က ရဟတ်ယာဉ်နဲ့ ကယ်ခဲ့တဲ့ ရွှေ့ပြောင်း နေထိုင်သူ ၁၈ ဦးထဲက ၃ ဦး သေဆုံးခဲ့ပါတယ်။ 

ဒီဇင်ဘာ ၃၀ ရက်မှာ ကနေရီကျွန်းတွေမှာ သောင်တင်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူ ဒါဇင်ပေါင်းများစွာကို စပိန်နိုင်ငံက ကယ်ဆယ်ခဲ့ပြီး ဂရန်းကနေရီယာကျွန်းရှိ အာရ်ဂင်နဂင်းန် ဆိပ်ကမ်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။

အမျိုးသား ၅၇ ဦးပါတဲ့ အဖွဲ့ဟာ ဆိပ်ကမ်းမှာ ဆေးကုသမှုခံယူပြီး စောင်အနီရောင်တွေ ရရှိခဲ့ပါတယ်။ 

အခုနှစ်အတွင်း အနောက်အာဖရိကကနေ ပျက်လွယ်တဲ့လှေတွေနဲ့ စံချိန်တင် ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၄၀၀၀၀ ဟာ ကာနာရီကျွန်းစုတွေဆီ ရောက်လာတယ်လို့ ကြက်ခြေနီအဖွဲ့က စနေနေ့မှာ ပြောပါတယ်။

ဒါဟာ ၂၀၀၆ ခုနှစ်တုန်းက အကျပ်အတည်းအတွင်း လူပေါင်း ၃၁၆၇၈ ဦးကို ကာနာရီဆီပို့ခဲ့တဲ့ လူဦးရေထက် တသောင်းနီးပါး ပိုများတယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။

စပိန်ကမ်းရိုးတန်းစောင့်တပ်ဟာ ရှင်သန်ကျန်ရစ်သူ ၁၅ ဦးကို လာရက်စ်တင်ဂါ ဆိပ်ကမ်းဆီ တနင်္ဂနွေနေ့မှာ ခေါ်သွားခဲ့တာပါ။

ဒီဆိပ်ကမ်းရှိရာ အယ်လ်ဟီးယဲရိုကျွန်းဟာ အသေးဆုံး ဖြစ်ပေမဲ့ ၂၀၂၃ ခုနှစ်မှာ ရွှေ့ပြောင်းနေထိုင်သူ အများဆုံး ရောက်လာတဲ့ နေရာလည်း ဖြစ်ပါတယ်။

လူဦးရေ ၁၂၀၀၀ သာရှိတဲ့ ဒီကျွန်းမှာ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၁၄၀၀၀ ရောက်လာခဲ့တာပါ။

ကျွန်းစုစုပေါင်း ၇ ကျွန်းရှိတဲ့ ကာနာရီကျွန်းစုဟာ ဆီနီဂေါနဲ့ တခြား အာဖရိကနိုင်ငံတွေက ပဋိပက္ခတွေဆီကနေ ထွက်ပြေးပြီး ပိုကောင်းတဲ့ ဘဝကိုရရေး ကြိုးစားဖို့  ရွှေ့ပြောင်းနေထိုင်သူ တွေအတွက် အဓိက ပန်းတိုင် ဖြစ်လာနေပါတယ်။

၂၀၀၆ ခုနှစ်က ဥရောပကို သွားရောက်တဲ့ တခြားလမ်းကြောင်းတွေကို ပိတ်ဆို့ထားချိန်မှာ အာဖရိက အနောက်ဘက်ကမ်းရိုးတန်းမှ ကီလိုမီတာ ၁၀၀ အကွာမှာရှိတဲ့ ကနေရီကျွန်းစုကို ရွှေ့ပြောင်းနေထိုင်သူ ၃၁,၆၇၈ ဦး ရောက်ရှိလာခဲ့ချိန်မှာ အမြင့်ဆုံး အရေအတွက် ဖြစ်ခဲ့ပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024