ဗြိတိန်နိုင်ငံရဲ့မြို့တော် လန်ဒန်အနားက မီးရထားဥမင်လိုဏ်ခေါင်းတခု ရေလွှမ်းမိုးမှုကြောင့် ဗြိတိန်နဲ့ ဥရောပတိုက် ကုန်းမကြီးဆီ ဆက်သွယ်ထားတဲ့ ရထားခရီးစဉ် တဒါဇင်ကျော်ကို ဒီဇင်ဘာ ၃၀ ရက်အစောပိုင်းက ဖျက်သိမ်းခဲ့ရတယ်လို့ နိုင်ငံတကာ ရထားလမ်းအော်ပရေတာ ယူရိုစတားက ပြောပါတယ်။
ရထားတွေ ဆိုက်ရောက် ထွက်ခွာလမ်းကြောင်းပြ အီလက်ထရောဘုတ် ဆိုင်းဘုတ်တွေဟာ ရထားခရီးစဉ်တွေ ဖျက်သိမ်းတာနဲ့ နှောင့်နှေးကြန့်ကြာနေတာတွေကို ပြသထားပြီး ခရီးသည်အများအပြားဟာလည်း လန်ဒန်မြို့တော်က စိန့်ပန်းခရက်စ် နိုင်ငံတကာဘူတာမှာ သောင်တင်နေခဲ့ပါတယ်။
လန်ဒန်နဲ့ ပါရီ၊ အမ်စတာဒမ် ဒါမှမဟုတ် ဘရပ်ဆဲလ်ကြားက ခရီးစဉ် ၁၄ ခုထက်မနည်းကို ဖျက်သိမ်းလိုက်တာဟာ အခုနှစ် အားလပ်ရက်ရာသီအတွင်း ယူရိုစတား ရထားလိုင်း သုံးစွဲသူတွေ အတွက် ဒုတိယမြောက် ထိုးနှက်ချက်ပါ။
ဒီဇင်ဘာ ၂၁ ရက်ကလည်း ပြင်သစ်နိုင်ငံမှာ အံ့အားသင့်စရာ သပိတ်မှောက်ခဲ့လို့ လူထောင်ပေါင်းများစွာအတွက် ခရစ္စမတ်ခရီးသွားအစီအစဉ် ပျက်ပြားခဲ့ပါတယ်။
Source/Photo - Reuters