ဂါဇာအလယ်ပိုင်းရှိ ဒုက္ခသည်စခန်းကို ဒီဇင်ဘာ ၂၉ ရက်က လေကြောင်းတိုက်ခိုက်မှုအတွင်း Al-Quds TV ရုပ်သံဌာနအတွက် အလုပ်လုပ်နေတဲ့ ပါလက်စတိုင်း သတင်းထောက်တဦးဟာ သူ့မိသားစုဝင်တွေနဲ့အတူ သူတို့နေအိမ်ထဲမှာပဲ သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေးအရာရှိတွေနဲ့ လုပ်ဖော်ကိုင်ဖက် သတင်းထောက်တွေက ပြောပါတယ်။
ပါလက်စတိုင်း လခြမ်းနီအဖွဲ့ (PRCS)မှ ဒီဇင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ ဂါဇာကမ်းမြောင်ဒေသ၊ ဒေ့အလ်ဘာလာမြို့ရှိ နူဆေရတ်စခန်းရှိ ပျက်စီးသွားတဲ့ အဆောက်အအုံတခုကိုမြင်တွေ့ရပါတယ်။
အဆောက်အဦနားမှာတော့ ကယ်ဆယ်ရေးသမားတွေနဲ့ အရပ်သားတွေဟာ ဒဏ်ရာရ ကလေးငယ် တဦးကို ပြုစုစောင့်ရှောက်ပေးနေပြီး တခြားသူတွေက အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေကာ အလောင်းတွေကို အိတ်တွေနဲ့ သယ်သွားကြပုံတွေကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်ကို ပြသခဲ့ပါတယ်။
Source/Photo - Reuters