ဒီဇင်ဘာ ၃၁ ရက်က ယှဉ်ပြိုင်သွားတဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ရောနယ်ဒို ဦးဆောင်တဲ့ အယ်နာဆာအသင်းက အယ်တာဝမ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
အိမ်ရှင် အယ်တာဝမ်အသင်းက ပင်နယ်တီကနေ ဦးဆောင်၈ိုး သွင်းယူနိုင်ပေမဲ့ အယ်နာဆာအတွက် ချေပဂိုးကို ဘရိုဇိုဗစ်၊ ဒုတိယဂိုးကို နောက်တန်းကစားသမား လာပေါ်တေးက ပထမပိုင်းမှာတင် သွင်းယူပါတယ်။
အယ်နာဆာအသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ပိုရပေမဲ့ ဂိုးပေါက် ကန်သွင့်ခွင့်မှာတော့ အိမ်ရှင်အသင်းက ပိုရခဲ့ပါတယ်။
အယ်နာဆာအတွက် တတိယဂိုးကို အိုတာဗီရိုက သွင်းယူခဲ့ပြီး နောက်ဆုံး အပိတ်ဂိုးကိုတော့ အချိန်ပို မိနစ်မှာ ရော်နယ်ဒိုက ခေါင်းတိုက်သွင်းယူပါတယ်။
ဒီဂိုးဟာ ရော်နယ်ဒိုအတွက်တော့ ၂၀၂၃ ဘောလုံးရာသီမှာ ၅၄ ဂိုးမြောက် သတင်းဂိုးလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဒီရာသီမှာ သွင်းဂိုးစုစုပေါင်း ၅၄ ဂိုးနဲ့ ဟယ်ရီကိန်းနဲ့ အမ်ဘာပေတို့ထက် သွင်းဂိုးအရေအတွက် ပိုများပြီး ၂၀၂၃ ခုနှစ်ရဲ့ ကမ္ဘာ့ ဂိုးအများဆုံးသွင်းယူခဲ့တဲ့ ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
Photo-Reuters