နယူးဇီလန်နိုင်ငံသားတွေဟာ ကမ္ဘာပေါ်မှာ ၂၀၂၄ နှစ်သစ်ကို ပထမဆုံး ကြိုဆိုသူတွေထဲမှာပါဝင်ပြီး ဒီဇင်ဘာ ၃၁ ရက်ညသန်းခေါင်ကျော် ဇန်နဝါရီ ၁ ရက်နေ့ကူးပြောင်းချိန် အော့ခ်လန်မြို့တော်မှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်ခဲ့ကြပါတယ်။
မြို့တော်က ၃၂၈ မီတာ မြင့်တဲ့ စကိုင်းမျှော်စင်ကနေ မီးပန်းပြပွဲကို ပြသခဲ့ပြီး တိမ်ထူတဲ့ ညကောင်းကင်မှာ မီးပန်းတွေနဲ့အတူ လေဆာမီးရောင်တွေနဲ့ ကာတွန်းပြပွဲတွေကိုလည်း ပြသခဲ့ပါတယ်။
မျှော်စင်ပေါ်ကနေ မီးရှူးမီးပန်း ကီလို ၅၀၀ လောက်ကို ပစ်ဖောက်ခဲ့တဲ့ ဒီပြပွဲဟာ အချိန် ငါးမိနစ်လောက် ကြာပြီး အော့ခ်လန်ဆိပ်ကမ်းတံတားပေါ်မှာလည်း မီးရောင်စုံအလှ ဆင်ယင် ထားပါတယ်။
ညကောင်းကင်ယံဆီ ရောင်စုံမီးရှူးမီးပန်းတွေ ပစ်လွှတ်နေချိန် မိုးဖွဲတွေကြားမှာ လူတွေက စောင့်ကြည့်နေခဲ့ ပါတယ်။
Source/Photo - Reuters