နှစ်သစ်အကြို မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အာဆင်နယ်အသင်းက ဖူလ်ဟမ်ကိုရှုံးပြီး စပါးအသင်းကတော့ ဘွန်းမောက်ကို အနိုင်ရသွားပါတယ်။
အာဆင်နယ်အသင်းဟာ အဝေးကွင်းမှာ တိုက်စစ်မှူး ဆာကာရဲ့ ဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမဲ့ ဖူလ်ဟမ်က ၂ ဂိုးပြန်သွင်းပြီး အနိုင်ရသွားတာပါ။
အာဆင်နယ်အတွက်တော့ ဒီတပတ်အတွင်းမှာ ဒုတိယမြောက် ရှုံးပွဲနဲ့ ထပ်ရင်ဆိုင်လိုက်ရတာပါ။ အာဆင်နယ်ဟာ ခရစ္စမတ်ကာလမတိုင်ခင်က ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ဦးဆောင်နိုင်ပေမယ့် အခုရှုံးပွဲကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာကို လျော့ကျသွားပါတယ်။
တော့တင်ဟမ်ဟော့စပါးအသင်းကတော့ အိမ်ကွင်းမှာ ဘွန်းမောက်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။
အခုနိုင်ပွဲကြောင့် စပါးအသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကို တက်လှမ်းသွားပါတယ်။
Photo-Reuters