ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့က ၂၀၂၄ နှစ်သစ်ကူး ကြိုဆိုပွဲ New Year Countdown 2024 ကို အထင်ကရ နေရာတွေနဲ့ နာမည်ကျော် မြို့ရိုးဟောင်း တာ့ဖယ်ဂိတ်မှာ ကျင်းပခဲ့ပါတယ်။
၂၀၂၄ နှစ်သစ်ကူးကြိုဆိုပွဲကို ပြည်တွင်း ခရီးသွားတွေနဲ့ ကမ္ဘာလှည့်နိုင်ငံခြားသား ဧည့်သည်တွေ အများအပြား ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှု ၂၇ သန်းကျော်ရှိခဲ့တယ်လို့ ထိုင်းအခြေစိုက် The Nation သတင်း ရေးသားထားပါတယ်။
ဒါဟာ ၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ ကပ်ရောဂါအပြီး ထိုင်းနိုင်ငံကို လာရောက် လည်ပတ်တဲ့ နိုင်ငံခြားခရီးသွား အရေအတွက် အများဆုံးလည်း ဖြစ်ပါတယ်။
ဇွဲသစ်