Home
နိုင်ငံတကာ
အင်္ဂလန် ဘာမင်ဟန်မြို့  ညကောင်းကင်ယံတွင် ကြယ်တံခွန် မြင်တွေ့ရ
DVB
·
January 1, 2024
star world 112024

ဗြိတိန်နိုင်ငံ၊ အင်္ဂလန်နယ်၊ ဘာမင်ဟန်မြို့ ညကောင်းကင်ယံမှာ ကြယ်တံခွန်တစင်း ဖြတ်ပျံသွားလို့ ဒီဇင်ဘာ ၃၀ က ညကောင်းကင်ယံ တခွင်လုံး လင်းသွားခဲ့ပါတယ်။

အိမ်တံခါးမှာ တပ်ဆင်ထားတဲ့ လုံခြုံရေး ကင်မရာက ဒီဖြစ်ရပ်ကို ရိုက်ကူးထားနိုင်ခဲ့တာပါ။

ကြယ်တံခွန်တွေဟာ အာကာသထဲမှာ ဖုန်မှုန့်ကနေ ဂြိုဟ်သိမ် အသေးစား အရွယ်အထိ အရွယ်အစား အမျိုးမျိုး ရှိတယ်လို့ အမေရိကန် အမျိုးသားအာကာသသိပ္ပံ (နာဆာ)က ပြောထားပါတယ်။

ကြယ်တံခွန်တွေဟာ ကမ္ဘာ့လေထုထဲ ရောက်တဲ့အခါ အပူကြောင့် လောင်ကျွမ်းတဲ့အတွက် အလင်းရောင် တောက်နေတဲ့ အမြီးတခု ပေါ်လာလေ့ ရှိပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024