တူရကီအာဏာပိုင်တွေဟာ အစ္စတန်ဘူလ်နဲ့ အန်ကာရာအပါအဝင် ပြည်နယ် ၉ ခုမှာ ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ ဂျူးဘုရားဝတ်ပြုကျောင်းတွေကို တိုက်ခိုက်ဖို့ စီစဉ်နေကြတဲ့ အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးကြွအဖွဲ့နဲ့ ဆက်စပ်မှုရှိကြောင်း သံသယရှိသူ ၂၉ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး အလီယာလီကာယာက ဒီဇင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။
အခုစစ်ဆင်ရေးမှာ ထိန်းသိမ်းခံထားရသူ ၂၉ ဦးနဲ့ ဆက်နွှယ်နေတဲ့ တခြားသံသယရှိသူ ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း တူရကီနိုင်ငံပိုင် အနာဒိုလူ သတင်းဌာနက လုံခြုံရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး ထုတ်လွှင့်သွားပါတယ်။
သူတို့ထဲက ၃ ယောက်ဟာ အစ္စလာမ္မစ်နိုင်ငံတော်ရဲ့ အကြီးပိုင်း အဖွဲ့ဝင်တွေ ဖြစ်ကြကြောင်းနဲ့ ၁ ဦးက အန်ကာရာရှိ အီရတ်သံရုံးကို တိုက်ခိုက်ဖို့ စီစဉ်နေတာဖြစ်ကြောင်းလည်း ဆိုပါတယ်။
သောကြာနေ့က "Operation Heroes - 37" ဆိုတဲ့ စစ်ဆင်ရေးမှာ ဖမ်းဆီးရမိတဲ့ သံသယရှိသူတွေဟာ အစ္စတန်ဘူလ်ရှိ ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ ဂျူး ဘုရားဝတ်ပြုကျောင်းတွေရဲ့ အချက်အလက်တွေကို စုဆောင်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ယာလီကာယာက ဆိုရှယ်မီဒီယာ ပလပ်ဖောင်း X မှာ ပြောပါတယ်။
နေရာ ၃၉ ခုကို စီးနင်းခဲ့ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ကာ့ဒ်စစ်သွေးကြွတွေဟာ အောက်တိုဘာ ၁ ရက်က အန်ကာရာရှိ အစိုးရ အဆောက်အအုံတွေအနီးမှာ ဗုံးခွဲတိုက်ခိုက်ခဲ့ပြီးနောက် အာဏာပိုင်တွေဟာ အစ္စလာမ္မစ်နိုင်ငံတော်နဲ့ ကာ့ဒ်စစ်သွေးကြွတွေအပေါ် စစ်ဆင်ရေးတွေ အရှိန်မြှင့်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Source/Photo - Reuters