မက္ကဆီကိုနဲ့ အမေရိကန် တာဝန်ရှိသူတွေဟာ နှစ်နိုင်ငံ နယ်စပ်တလျှောက်က စံချိန်တင် ရွှေ့ပြောင်းအခြေချ နေထိုင်မှုတွေကို ပိုပြီးအနီးကပ် ကိုင်တွယ်ဖြေရှင်း အတူလုပ်ဆောင်ကြဖို့ သဘောတူညီခဲ့ကြတာကြောင့် ဒီဇင်ဘာ ၂၈ ရက်က မက္ကဆီကိုနယ်စပ် အမေရိကန် တောင်ပိုင်းမှာ ရွှေ့ပြောင်းနေထိုင်သူတွေ စုပြုံရောက်ရှိလာကြပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေဟာ တက္ကဆက်ပြည်နယ်မှာ နေရာချထားတဲ့ သံဆူးကြိုး အတားအဆီးတွေနောက်မှာ စုဝေးနေကြပြီး တက္ကဆက် အမျိုးသားအစောင့်တပ်ဖွဲ့ကလည်း ကင်းလှည့်နေပါတယ်။
မက္ကဆီကိုသမ္မတ အန်ဒရေးစ် မန်နူယဘ် လိုပက်ဇ် အိုဘရာဒေါက လူပေါင်း ၁,၅၀၀ လောက် ရှိမယ်လို့ ခန့်မှန်းထားပေမဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်တွင်းမီဒီယာတချို့ကတော့ အဲဒီအရေအတွက်မှာ ၇၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ဗုဒ္ဓဟူးနေ့မှာ မက္ကဆီကိုနိုင်ငံကို သွားရောက်ခဲ့ကာ အဆင့်မြင့် ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ နယ်စပ်မှ စံချိန်တင်ပြောင်းရွှေ့နေထိုင်မှုတွေကို ကိုင်တွယ်ဖြေရှင်းရေးကို အတူတကွလုပ်ဆောင်ကြဖို့ သဘောတူညီခဲ့ကြောင်း ပူးတွဲကြေညာခဲ့ပါတယ်။
ဗင်နီဇွဲလား၊ ကျူးဘား၊ နီကာရာဂွါနဲ့ ဟေတီတို့မှ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ပံ့ပိုးကူညီမှု ပဏာမလုပ်ငန်းအဆင့်ကို အားကောင်းလာစေဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်မှုတွေရဲ့ အခြေခံ အကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေက ပြောပါတယ်။
Source/Photo - Reuters