အစ္စရေးက ပါလက်စတိုင်းပိုင်နက်နယ်မြေကို လေကြောင်းနဲ့ရော မြေပြင်ကပါ ထပ်ပြီး တိုက်ခိုက်ခဲ့လို့ အစ္စရေး -ဂါဇာ နယ်စပ်မှာ ဒီဇင်ဘာ ၂၉ ရက် က မီးခိုးတွေ မြင်တွေ့ရပါတယ်။
ဂါဇာကမ်းမြောင်ဒေသရဲ့ တခြားဒေသတွေကနေ မောင်းထုတ်ခံရပြီးသား ဂါဇာနယ်သားတွေနောက်ထပ်အသစ် အစုလိုက် အပြုံလိုက်ထပ်ထွက်လာရတဲ့ ဖြစ်ရပ်အနေနဲ့ ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ အသစ် တိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဟားမတ်စ်ကို ဖျက်ဆီးဖို့ စစ်ဆင်ရေးရဲ့ မရှိမဖြစ်လိုတဲ့ အဆင့်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂေါလန့်ထ်က ပြောပါတယ်။
အစ္စရေးက တင့်ကားတွေနဲ့ရော လေကြောင်းကပါ ပိုပြီး တိုက်ခိုက်လာနေလို့ ဂါဇာတောင်ပိုင်းက ရာဖှာမြို့မှာ ပါလက်စတိုင်း အယောက် ၂၀ သေဆုံးပြီး ၅၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်ရှ်ရဲ့ဖ်အယ်လ်ချီဒရာက ဒီဇင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။
ဂါဇာအလယ်ပိုင်းက မာဂါဇီဒုက္ခသည်စခန်းကို အစ္စရေး က ဒီဇင်ဘာ ၂၈ ရက်ညမှာ တိုက်ခိုက်ခဲ့လို့ လူ ၃ ဦးထက် မနည်းသေဆုံးပြီး ၆ ဦး ဒဏ်ရာရတယ်လို့ ပါလက်စတိုင်းလခြမ်းနီ အသင်း (PRCS) က ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ဓားစာခံအဖြစ် သူနဲ့ ကလေးသုံးဦးတို့ လွတ်ဖို့ ၅၁ ရက်မြောက်ကြာ ရှင်သန်ခဲ့ရတဲ့ ချန်အယ်လ်မတ် ဂိုးလ်စတိန်းက ဟားမတ်စ် သေနတ်သမားတွေက အစ္စရေးက သူတို့အိမ်ကို အောက်တိုဘာ ၇ ရက် က ဗုံးခွဲတိုက်ခိုက်ခဲ့ချိန်မှာ သူ့ခင်ပွန်းနဲ့ သမီးဖြစ်သူတို့ သေဆုံးခဲ့ပုံကို မျက်ရည်တွေ ကြားက ပြောခဲ့ပါတယ်။
အစ္စရေးလူငယ်တွေကတော့ ဒီဇင်ဘာ ၂၈ရက်မှာ စီတန်း လှည့်လည်ခဲ့ပြီး ဓားစာခံတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့ အစ္စရေးအစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုခဲ့ကြပါတယ်။
အောက်တိုဘာ ၇ ရက်ကတည်းက ဟားမတ်စ်တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းတွေဟာ သူတို့အိမ်တွေကနေ ထွက်ခဲ့ရပြီး စားနပ်ရိက္ခာနဲ့ တခြားနေ့စဉ်လိုအပ်ချက်တွေ ရရှိရေး ရုန်းကန်နေကြရပါတယ်။
Source/Photo - Reuters