တိုက်စစ်မှူး အန်ကတ်တီယာအတွက် ခရစ္စတယ်ပဲလေ့အသင်းရဲ့ ကမ်းလှမ်းချက်ကို အာဆင်နယ် အသင်းဘက်က ပယ်ချသွားပါတယ်။
ပဲလေ့အသင်းဟာ အင်္ဂလန်တိုက်စစ်မှူး အန်ကတ်တီယာကို ခေါ်ယူဖို့ အာဆင်နယ်အသင်းဆီ တရားဝင်ဆက်သွယ်ကမ်းလှမ်းခဲ့တာဖြစ်ပြီး အာဆင်နယ်ဘက်က ချက်ချင်း ပယ်ချသွားခဲ့တာပါ။
အာဆင်နယ်အနေနဲ့ တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူနိုင်မယ်ဆိုရင်တော့ အန်ကတ်တီယာကို အငှားချဖို့ ဆုံးဖြတ်လာနိုင်တယ်လို့ဆိုပါတယ်။
အန်ကတ်တီယာဟာ ပရီးမီးယားလိဂ်မှာ ၁၈ ပွဲကစားထားပြီး ၅ ဂိုးသွင်းထားပါတယ်။ ဒါပေမဲ့ တိုက်စစ်မှူး ဂျေဆုရဲ့နောက် အရန် ကစားသမားအဖြစ် လူစားဝင်ကစားခဲ့ရတဲ့ပွဲက ပိုများခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters