အစ္စရေးစစ်တပ်ဟာ ဂါဇာမြို့တော်ရဲ့ အရှေ့ဘက်နဲ့ အလယ်ပိုင်းဒေသတွေကို တိုက်ခိုက်ချိန်အတွင်း အမျိုးသားတွေနဲ့ လူငယ်အများအပြားကို ဂါဇာမြို့တော်မှာ ဖမ်းဆီးစစ်ဆေးခဲ့ပြီး ဖမ်းဆီးခံထားရသူတွေကိုလည်း အစ္စရေးစစ်တပ်က ဘယ်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာ မသိရပါဘူး။
အစ္စရေးစစ်တပ်က ဆုတ်ခွာသွားတဲ့ နေရာကို ရောက်ရှိနေတဲ့ တရုတ်မီဒီယာအုပ်စု (CMG) ရဲ့ သတင်းထောက်တဦးရဲ့ ပြောကြားချက်အရ အစ္စရေးစစ်တပ်ဟာ စစ်ဘေးသင့်နယ်မြေ အတွင်း အင်အားပြည့် စစ်ဆင်ရေးကြီးတွေ ပြုလုပ်နေတာအပြင် ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားတွေကိုလည်း ဆက်လက်ထိန်းသိမ်းထားကြောင်း သိရပါတယ်။
မျက်မြင်သက်သေတွေနဲ့ ထိန်းသိမ်းခံရသူတွေရဲ့ မိသားစုတွေ အဆိုအရ အစ္စရေးစစ်တပ်က သူတို့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး။
သူတို့ဟာ အသတ်ခံရသလား၊ ထောင်ချခံနေရသလား ဒါမှမဟုတ် တခြားတနေရာရာမှာ လွတ်မြောက်နေမလားဆိုတာ မသိရသေးကြောင်း CMG သတင်းထောက် အိုဆာမာ အဆာမာ အာရှီက ပြောပါတယ်။
အမျိုးသမီးတွေကို ဂါဇာကမ်းမြောင် တောင်ဘက်ခြမ်းကိုသွားဖို့ အစ္စရေးစစ်တပ်က တောင်းဆိုခဲ့ပေမဲ့ တကယ်တမ်းမှာ သူတို့ မသွားနိုင်ဘဲ ဆေးရုံတွေ ဒါမှမဟုတ် ရွှေ့ပြောင်းဒုက္ခသည်တွေကို ထားနိုင်တဲ့ တခြားနေရာတွေကိုပဲ သွားနိုင်ပါတယ်။
Source/Photo-Reuters