Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် ရဲတပ်သား ၃ ဦးကို ပကဖပူးပေါင်းအဖွဲ့ ဖမ်းဆီး
DVB
·
December 29, 2023
Myaing Police arrested by PaKaPha_29122023

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဒီဇင်ဘာ ၂၄ ရက်က ရဲတပ်သား ၃ ယောက်ကို မြိုင်ပကဖနဲ့ ပူးပေါင်းအဖွဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ မြိုင်မြို့နယ်ပကဖကနေ သိရပါတယ်။

မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ ခလရ ၂၅၁ စစ်ကြောင်းက ထွက်လာတဲ့ ရဲ ၃ ယောက်ကို မြိုင်ပကဖနဲ့ PDF-ကမ္မ တပ်ပေါင်းစုတို့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တာလို့ မြိုင်ပကဖ တပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းမိခဲ့တဲ့ ရဲတွေကတော့ ရဲဒုတပ်ကြပ် ဝေလွန်ထွန်း၊ ရဲတပ်သား ဟိန်းထက်အောင်နဲ့ ရဲတပ်သား အောင်လင်းထွန်းတို့ဖြစ်ပြီး စစ်ကောင်စီတပ်သားတွေက သေနတ်မပေးဘဲ ကင်းစောင့်ခိုင်းထားတဲ့အချိန်မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

အဲဒီရဲတွေကတော့ သရက်မြို့မရဲစခန်းက ၂ ယောက်နဲ့ မင်းလှမြို့မရဲစခန်းက တယောက်ဖြစ်ပြီး သင်တန်းသွားရမယ်လို့ လိမ်ညာခေါ်ယူရာကနေ ပခုက္ကူ တပ်မ ၁၀၁ ထဲကို ပို့ဆောင်ခံခဲ့ရကာ စစ်ကြောင်းနဲ့အတူ ပါလာခဲ့တာလို့ ပြောပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ရဲတွေကိုတော့ စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး မိသားစုတွေနဲ့ အဆက်အသွယ်ရရှိအောင် စီစဥ်ပေးထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ကောင်စီတပ်ရင်းတွေနဲ့ ရဲတပ်ဖွဲ့တွေက ထွက်ပြေး အလင်းဝင်တဲ့သူတွေ များပြားလာနေပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် ၁၄,၀၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024