မန်ယူအသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မှာဖြစ်ကြောင်း နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်က ပြောသွားပါတယ်။
အာဂျင်တီးနားကစားသမားဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ဘိုင်ယန်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ခြေဖဝါးရိုးကျိုးတဲ့ဒဏ်ရာ ထပ်ရခဲ့တာကြောင့် ၃ လလောက် အနားယူခဲ့ရတာပါ။
လက်ရှိအချိန်မှာတော့ အသင်းရဲ့ ခန္ဓာဗေဒဆိုင်ရာ ဆရာဝန်နဲ့အတူ လေ့ကျင့်နေပြီး ပိုမိုသန်မာလာတာကြောင့် မကြာခင်မှာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မှာ ဖြစ်ကြောင်း အသင်းနဲ့ အင်တာဗျူးမှာ ပြောပါတယ်။
ပြန်လည်ကစားပေးနိုင်ဖို့ သိပ်မကြာတော့ပေမဲ့ စိတ်ရှည်ပေးဖို့တော့ လိုအပ်ကြောင်း၊ ၆ လ ၇ လ အတွင်းမှာ ဒဏ်ရာနှစ်ခုရခဲ့တာက အလွန်ခက်ခဲခဲ့ကြောင်း မာတီနက်ဇ်က ပြောပါတယ်။
သူဟာ စက်တင်ဘာ ၂၁ ရက်ကနေ စတင်ပြီး လက်ရှိအချိန်အထိ အသင်းရဲ့ ပွဲစဉ် ၃၃ ပွဲအထိ လွဲချော်ခဲ့ပြီး ဖြစ်ပါတယ်။
Photo-Reuters