Home
မြန်မာသတင်း
ထိုင်းတွင် မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းသည့် မြန်မာအမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ
DVB
·
December 28, 2023
drug_28122023

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်၊ ဆန်ခလာဘူရီမှာ မြန်မာနိုင်ငံသား မွန်အမျိုးသမီးတဦးကို ဒီဇင်ဘာ ၂၅ ရက်က စိတ်ကြွမူးယစ်ဆေးဝါး အလုံး ၁၇၀,၀၀၀ အတူ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ‌MGR Online မှာ ဖော်ပြထားပါတယ်။

ကန်ချနာပူရီ ခရိုင်ရဲမှူးကြီး ဖွန်းဂတ်ဟောင်ဆင်လာ၊ အမှတ် ၂၉ ခြေမြန်တပ်ရင်းမှူး ဆူတီဖွန်း၊ နယ်ခြားစောင့်တပ်ဖွဲ့ ၁၃၄ မှ တာဝန်ရှိသူတွေ ဦး‌ဆောင်ပြီး လူဝင်ကြီးကြပ်ရေးနဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင်များအတူ အမှတ် ၂ နမ့်ခရစ် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေစဉ် အသက် ၄၀ အရွယ် မွန်အမျိုးသမီး မောင်းလာတဲ့ မသင်္ကာဖွယ်ရာ တိုယိုတာထရပ်ကားတစီးကို တားဆီး စစ်ဆေးခဲ့ပါတယ်။

တိုယိုတာကားခေါင်းခန်းအတွင်းမှာ ကပ်ထူပုံးတပုံးတွေ့ပြီး ဖွင့်ဖောက်စစ်ဆေးကြည့်ရာ စိတ်ကြွဆေးပြား (အဖတ်တမင်း) ၁၇ ထုတ်မှ စိတ်ကြွ‌ဆေးပြား အလုံး ၁၇၀,၀၀၀ ကို တွေ့ရှိခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ မွန်အမျိုးသမီးဟာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ ဘုရားသုံးဆူဒေသမှာနေထိုင်ပြီး အရင်ကလည်း ထိုင်းနိုင်ငံဘက်ကို မူးယစ်ဆေးဝါး ၃ ကြိမ် တင်ပို့ဖူးတယ်လို့ ထိုင်းရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့ပါတယ်။

ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့နဲ့ အမှတ် ၂၉ ခြေမြန်တပ်ရင်းတို့က ဖမ်းဆီးခံရတဲ့ မွန်အမျိုးသမီးကို အရေးယူနိုင်ဖို့အတွက် ဆောင်ခလာဘူရီရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024