ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်ခရိုင်၊ ဖူးခက်ကမ်းခြေမှာ မြန်မာအချင်းချင်း ဓားနဲ့ခုတ်သတ်ဖို့ ကြိုးစားတဲ့ မြန်မာလူငယ် ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၆ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးလိုက်တယ်လို့ Phuket Times သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံသားတွေဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် သန်းပြည့်နဲ့ အသက် ၂၁ နှစ်အရွယ် ဝင်းစည်သူတို့ဟာ ဖူးခက်ကမ်းခြေမှာ ထိုင်နေစဉ် ဒီဇင်ဘာ ၂၆ ရက် မနက် ၁ နာရီမှာ ဓားရှည်ကိုင်ထားတဲ့ မြန်မာလူငယ်တစု ရောက်လာပြီး ဓားနဲ့ခုတ်သတ်ဖို့ ကြိုးစားခဲ့တာကြောင့် ထွက်ပြေးပြီး ပတွန်ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။
ပတွန်ရဲစခန်းမှ ရဲမှူးကြီး ဦးဆောင်ပြီး ကျူးလွန်ခဲ့သူတွေကို ကြိုးစားရှာဖွေခဲ့ရာ ဖူးခက်၊ နန်နိုင်လမ်းပေါ်မှာရှိတဲ့ မြန်မာအလုပ်သမားတွေ နေထိုင်တဲ့ အခန်းမှာ မြန်မာနိုင်ငံသား အသက် ၁၉ နှစ်အရွယ် လူငယ်တဦးနဲ့ အသက် ၂၁ နှစ်အရွယ် လူငယ်တဦးတို့ကို အရှည် ၅၀ စင်တီမီတာရှိတဲ့ ဓားရှည်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို စစ်ဆေးချက်အရ သန်းပြည့်နဲ့ ဝင်းစည်သူကို ရန်ငြိုးရှိတဲ့အတွက် သူတို့အဖွဲ့က ဓားနဲ့ လိုက်လံထိုးသတ်ဖို့ ကြိုးစားခဲ့သလို သူတို့နှစ်ဦးရဲ့ ဆိုင်ကယ်ကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ဝန်ခံပါတယ်။
ဖမ်းဆီးခဲ့တဲ့ မြန်မာနိုင်ငံသား ၂ ဦးကို လက်နက်ကိုင်ဆောင်မှု၊ လူသတ်ဖို့ကြိုးစားမှု၊ ပစ္စည်းဖျက်ဆီးမှုတို့နဲ့ တရားစွဲဆိုထားတယ်လို့ ပတွန်ရဲမှူးကြီးက အတည်ပြု ပြောကြားခဲ့ပါတယ်။
Source-Phuket Times