နယူးကာဆယ်အသင်းဟာ မန်စီးတီးကွင်းလယ်လူ ကယ်ဗင်ဖိလစ်ကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ နီးစပ်လာပါတယ်။
ဇန်နဝါရီအပြောင်းအရွှေ့ စတင်ဖွင့်လှစ်ချိန်မှာ သဘောတူညီမှုရဖို့ နယူးကာဆယ်အသင်းက မျှော်လင့်နေကြောင်း တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြပါတယ်။
အင်္ဂလန်ကွင်းလယ်လူဟာ မန်စီးတီးနဲ့ ၁၈ လတာကာလအတွင်းမှာ ပွဲထွက်ခွင့် အလွန်နည်းပါးခဲ့ပြီး ပြိုင်ပွဲစုံမှာ ၃၁ ပွဲပဲ ကစားခဲ့ရတာပါ။
အင်္ဂလန်အသင်းနဲ့အတူ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဆက်လက်ပါဝင်ခွင့်ရဖို့အတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို့ လိုအပ်နေတာပါ။
နယူးကာဆယ်အသင်းမှာလည်း တိုနယ်လီ ပွဲပယ်ခံထားရသလို ဝဲလ်လော့ခ်၊ အန်ဒါဆန် တို့လို ကွင်းလယ်ကစားသမားတွေကလည်း ဒဏ်ရာရရှိနေတာကြောင့် ဖိလစ်ကိုခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာပါ။
မန်စီးတီးကွင်းလယ်မှာ ရိုဒရီ၊ ကိုဗာဆစ်၊ နူနက်ဇ်တို့ ရှိနေသလို နောက်ခံလူတွေဟာလည်း ကွင်းလယ်မှာ အစားဝင်ကစားနိုင်တာကြောင့် ဖိလစ်ကို အငှားစေလွှတ်သွားဖို့ ရှိပါတယ်။
Photo-Reuters