ဘိုင်ယန်မြူးနစ်အသင်းဟာ မန်ယူနောက်ခံလူ ဗာရန်းကို ရီးရဲလ်မက်ဒရစ်နဲ့အပြိုင် ကမ်းလှမ်းသွားဖို့ အဆင်သင့်ရှိနေပါတယ်။
ပြင်သစ်နောက်ခံလူဟာ မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး အလာဘာ ဒဏ်ရာရရှိသွားတဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်က ပြန်လည်ခေါ်ယူလိုနေပါတယ်။
ဗာရန်းကလည်း ပုံမှန်ပွဲထွက်ခွင့်ရဖို့ အသင်းပြောင်းရွှေ့လိုနေပြီး ဘိုင်ယန်မြူးနစ်အသင်း ဘက်ကလည်း ခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းမှာ နောက်ခံလူတွေဖြစ်တဲ့ ကင်မင်ဂျေးနဲ့ မက်ဇရာအိုရီတို့ဟာ အာရှနဲ့ အာဖရိကဖလားပြိုင်ပွဲတွေဆီ စေလွှတ်ပေးရမှာဖြစ်လို့ နောက်ခံလူတဦး ခေါ်ယူလိုနေတာပါ။
ဘိုင်ယန်အားကစားဒါရိုက်တာ ခရစ္စတိုဖာဖရန်း ကိုယ်တိုင်ကလည်း နောက်ခံလူတဦး ခေါ်ယူမှာဖြစ်ကြောင်း အတည်ပြုထားပြီး ဗာရန်းအတွက် ယူရိုသန်း ၂၀ ပေးချေဖို့ အသင့်ရှိကြောင်း စပိန်သတင်းစာ Sport က ဖော်ပြပါတယ်။
ဗာရန်းဟာ မန်ယူအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။
Photo-Reuters