လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူဖို့ လိုအပ်ကြောင်း နည်းပြ အာတေတာက ပြောသွားပါတယ်။
အာဆင်နယ်အသင်းမှာ သောမတ်စ်ပါတေး၊ တိုမီယာဆု၊ တင်ဘားနဲ့ ဗီအဲယာ တို့က ဒဏ်ရာရရှိနေပြီး ကိုင်ဟာဗက်ဇ်ကလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ဝက်စ်ဟမ်းနဲ့ပွဲကို လွဲချော်မှာပါ။
လက်ရှိ ဒဏ်ရာပြဿနာတွေက ပွဲအတွက်ပြင်ဆင်ရာမှာ ခက်ခဲပြီး ရွေးချယ်စရာ နည်းပါးကြောင်း၊ ပွဲအခြေအနေအလိုက် အသုံးပြုရမယ့်နေရာတွေ ရှိတာကြောင့် လက်ရှိလူစာရင်း အခြေအနေက လာမယ့်နှစ်ပတ်အတွင်း ကစားရမယ့် ပွဲအခြေအနေအရ လုံလောက်မှုမရှိကြောင်း အာတေတာက ပြောပါတယ်။
ဇန်နဝါရီ အပြောင်းအရွှေ့က ခန့်မှန်းလို့မရတဲ့ ဈေးကွက်ဖြစ်ပြီး မှန်ကန်သင့်တော်တဲ့ ကစားသမား ခေါ်ယူသွားမယ်လို့ နည်းပြအာတေတာက ပြောပါတယ်။
Photo-Reuters