Home
မြန်မာသတင်း
သံဖြူဇရပ်တွင် ဆိုင်ကယ်ကယ်ရီမောင်းသူ ၁ ဦး လုယက်သတ်ဖြတ်ခံရ
DVB
·
December 27, 2023
rescue_27122023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ ဒီဇင်ဘာ ၂၇ ရက် မနက်က အသက် ၆၀ ကျော်အရွယ် ဆိုင်ကယ်ကယ်ရီမောင်းသူတဦး ဆိုင်ကယ်လုယက်ပြီး အသတ်ခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၁၀ နာရီခွဲက သံဖြူဇရပ်မြို့၊ ဖောင်စိန်ဂိတ်အနီး လမ်းကြားတနေရာမှာ ဆိုင်ကယ်ကယ်ရီငှားစီးခဲ့သူတဦးက သတ်ဖြတ်ခဲ့ပြီး ဆိုင်ကယ်ကို လုယူကာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တွေ့တာက မော်လမြိုင်ဘက်အထွက် တိုးဂိတ်နားက ခြံထဲမှာပါ။ မင်းသီဟဂိတ်အင်္ကျီနဲ့ ကျောအမှတ် ၁၀၂ ဝတ်ထားတယ်။ ဗိုက်ပေါ်နဲ့ လက်တွေမှာလည်း ဓားဒဏ်ရာတွေ အများကြီး။ သွေးထွက်လွန်ပြီး သေတာဖြစ်မယ်။”

သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်းက သွားရောက်သယ်ဆောင်ပြီး မုဒုံမြို့နယ်၊ ကမာဝက်တိုက်နယ်ဆေးရုံ ရင်ခွဲရုံကို ကူညီပို့ဆောင်ထားကြောင်းနဲ့ ဓားနဲ့ အချက်ပေါင်းများစွာ ထိုးသတ်ပြီး ဆိုင်ကယ်လုယူ ထွက်ပြေးသွားသူကို အမြန်ဆုံး ပြန်လည်ဖမ်းဆီးရမိဖို့အတွက် သက်ဆိုင်ရာရဲစခန်းက ရှာဖွေစုံစမ်းနေကြောင်း သိရပါတယ်။

အခုနှစ်အတွင်း မွန်ပြည်နယ်အတွင်းရှိ ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်တွေမှာ လုယက်သတ်ဖြတ်မှု ၁၀ ကြိမ်ထက်မနည်းရှိကာ ကျူးလွန်ခဲ့သူတွေကိုလည်း သက်ဆိုင်ရာရဲစခန်းက ဖမ်းဆီးရမိမှုမရှိတာကြောင့် ဒေသခံတွေကြား ဝေဖန်ပြောဆိုနေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013