သီတင်းပတ်ကုန်ရက်က အီရတ်နိုင်ငံထဲမှာ သေဆုံးခဲ့တဲ့ တူရကီစစ်သား ၁၂ ဦးအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ဆီးရီးယားနိုင်ငံထဲက ကာ့ဒ်သူပုန်တွေ သုံးတဲ့ နေရာ ၅၀ ဝန်းကျင်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တယ်လို့ တူရကီ အမျိုးသားထောက်လှမ်းရေး အေဂျင်စီ သတင်းရင်းမြစ်တခုက ဒီဇင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။
ပစ်မှတ်တွေဟာ ဆီးရီးယားနိုင်ငံထဲက ကာမစ်ရှ်လီ၊ အိုင်းအယ်လ် အာရာဘီ၊ ခိုဘာနီနဲ့ အယ်လ် အာမူဒါတို့မှာရှိပြီး ကာ့ဒ်တွေရဲ့ စစ်ရေး၊ စီးပွားရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး ရည်ရွယ်ချက်တွေအတွက်သုံးတဲ့ အဆောက်အအုံတွေလို့ သတင်းရင်းမြစ်က ပြောပါတယ်။
တူရကီအမျိုးသားထောက်လှမ်းရေး အေဂျင်စီက ဆီးရီးယားနိုင်ငံထဲက ကာ့ဒ်တွေ သုံးတဲ့ အဆောက်အအုံတွေနဲ့ အခြေစိုက်စခန်းတွေကို တူရကီလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်တဲ့ ဗီဒီယိုတခုထဲမှာ ပြောပါတယ်။
အီရတ်မြောက်ပိုင်းမှာ တရားမဝင် ကာဒစ်စတန် အလုပ်သမားပါတီ (PKK) နဲ့ တိုက်ပွဲတွေအတွင်း တူရကီစစ်သား ၁၂ ဦး သေဆုံးခဲ့တယ်လို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက်မှာ ပြောခဲ့ပြီး အီရတ်မြောက်ပိုင်းနဲ့ ဆီးရီးယားမှာ တူရကီအစိုးရက လေကြောင်းကနေ တရစပ် ပစ်ခတ်တိုက်ခိုက်ဖို့ လှုံ့ဆော်ပါတယ်။
Source/Photo-Reuters