ရုရှားရဲ့ အာတိတ် LNG-2 သဘာဝဓာတ်ငွေ့ရည် စီမံကိန်းမှာ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုဟာ ဘယ်ပြင်ပအဖွဲ့အစည်းကမှ ဝင်ရောက်စွက်ဖက်ဖို့ ဒါမှမဟုတ် ကန့်သတ်ချက်လုပ်ဖို့ ပစ်မှတ်မဖြစ်သင့်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။
ယူကရိန်းစစ်ပွဲအတွက် ရုရှားအစိုးရကို ဆန့်ကျင်တဲ့ အစီအမံအသစ်ရဲ့ တစိတ်တပိုင်းအနေနဲ့ နိုဝင်ဘာလမှာ အာတိတ်ဒေသတွင်းက LNG-2 စီမံကိန်းကို အမေရိကန်က ပိတ်ဆို့အရေးယူခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အခုလို မှတ်ချက်ပေးခဲ့တာပါ။
အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် ရုရှားက ထိန်းချုပ်ထားတဲ့ ရှယ်ယာရှင် နိုဗာတက်ခ်ဟာ အကျပ်အတည်း ဖြစ်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
တရုတ်အစိုးရပိုင် ရေနံလုပ်ငန်းကြီးဖြစ်တဲ့ တရုတ်အမျိုးသား ကမ်းလွန်ရေနံကော်ပိုရေးရှင်း (CNOOC) နဲ့ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) တို့ နှစ်ဖက်စလုံးက စီမံကိန်းမှာ ပိုအားကြီးလာခဲ့တယ်လို့ ရုရှားသတင်းဌာန ကွန်မားဆန့်က ဒီဇင်ဘာ ၂၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။
အာတိတ် LNG-2 ပရောဂျက်ဟာ ၂၀၂၄ ခုနှစ် အစောပိုင်းမှာ ဓာတ်ငွေ့ရည်ကို စတင်ထုတ်လုပ်မှာပါ။
နိုဗာတက်ခ်ဟာ စီမံကိန်းမှာ ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး CNOOC နဲ့ CNPC တို့က ပြင်သစ်ရဲ့ တိုတယ် အင်နာဂျီနဲ့ ဂျပန်ရဲ့ မစ်ဆုအီနဲ့ သတ္တုစွမ်းအင် ဖူလုံရေးအဖွဲ့ JOGMEC လုပ်ငန်းစုတွေလို ၁၀ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ကြပါတယ်။
Source/Photo-REUTERS/Dado Ruvic/Illustration