မြန်မာဘက်မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ကရင်ပြည်နယ် မြဝတီခရိုင်ကနေ ထိုင်းနိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၇ ဦးကို ဒီဇင်ဘာ ၂၃ ရက်က ဖော့ဖရမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းအထူးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် တာ့ခ်ခရိုင်မှူး ဦးဆောင်တဲ့ အထူးတပ်ဖွဲ့ဝင်တွေဟာ နယ်စပ်တလျှောက်မှာ ကင်းလည့်နေစဉ် ဖော့ဖရာမြို့ ဘန်မယ်လအို-ဘန်ဖာဖောင်ဒေသမှာ ကုန်းကြောင်းဝင်ရောက်လာတဲ့ မြန်မာအမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၇ ဦးတို့ကို ဖမ်းဆီးရမိခဲ့တာပါ။
မြန်မာနိုင်ငံသား ၁၇ ဦးလုံးဟာ တိုက်ပွဲတွေကြောင့် မြဝတီခရိုင်ဘက်ကနေ ထိုင်းနိုင်ငံဘက် ဝင်ရောက်လာပြီး အထောက်အထား စာရွက်စာတမ်း မပါရှိဘူးလို့ ထိုင်းအထူးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ၁၇ ဦးကို ထိုင်းအထူးတပ်ဖွဲ့က ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့အတွက် ဖော့ဖရာရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။
ကရင်ပြည်နယ် အပါအဝင် နယ်စပ်ဒေသတွေမှာ မြန်မာစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံအများအပြား အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး အလုပ်ရှာဖို့အတွက် ထိုင်းနိုင်ငံဘက်ကို နည်းမျိုးစုံနဲ့ ဝင်ရာက်နေပါတယ်။